အစိုးရဖြုတ်ချရေး သပိတ်စခန်း ဦးဆောင်သူတွေရဲ့ အာမခံတောင်းမှုကို တရားရုံးမပေး

အစိုးရဖြုတ်ချရေး သပိတ်စခန်း ဦးဆောင်သူတွေရဲ့ အာမခံတောင်းမှုကို တရားရုံးမပေး
August 23, 2017 Fame Asian

3:48 pm
အစိုးရဖြုတ်ချရေး သပိတ်စခန်း ဦးဆောင်သူတွေရဲ့ အာမခံတောင်းမှုကို တရားရုံးမပေး
d
မန္တလေး၊သြဂုတ်၂၃

မန္တလေးမြို့က အမျိုးသားရေး လှုပ်ရှားတက်ကြွသူတွေရဲ့ အစိုးရဖြုတ်ချရေးသပိတ်စခန်းဦးဆောင်သူတွေ လို့ စွပ်စွဲ ခံရတဲ့ သံဃာ ၆ ပါး နဲ့ လူပုဂ္ဂိုလ် ၁ ဦးကို ဒီနေ့(သြဂုတ် ၂၃ ရက်) မနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်တရားရုံး မှာ ဒုတိယအကြိမ်မြောက်အဖြစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါ တယ်။

ဒုတိယအကြိမ်ရုံးချိန်းမှာ တရားစွဲခံရသူတွေဘက်က အာမခံပေးဖို့ လျှောက်ထားခဲ့ပေမယ့်လည်း မြို့နယ် တရားရုံးဘက်ကတော့ အာမခံမပေးခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့လည်း မြို့နယ်တရားရုံး ပြန်ကြားရေး အရာရှိက ဒီအမှုဟာ အစိုးရအကြည်အညိုပျက်စေတဲ့ အမှု ဖြစ်တာရယ် အများပြည်သူ  အထိတ်တလန့်ဖြစ်စေမယ့် ကိစ္စုဖြစ်တာရယ်ကြောင့်  အာမခံပယ်ချခဲ့တာပါလို့ ပြောပါတယ်။

မန္တလေး  ချမ်းမြသာစည်မြို့နယ်  မဟာမုနိမြတ်စွာဘုရား ကြီး အနောက်ဘက် သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သြဂုတ် ၂ ရက်က အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလို့ ဆိုသူတွေရဲ့ အစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်တောင်းဆိုမှုမှာ မြို့နယ်သံဃာနာယကအဖွဲ့ရော တိုင်းသံဃာ့နာယကအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန် ရှိသူတွေက သပိတ်စခန်းဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါ တယ်။

ဒါပေမယ့်လည်း သပိတ်မှောက်သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မေတ္တာရပ်ခံတောင်းဆိုမှုအပေါ် လက်သင့်မခံခဲ့ဘဲ ဆက်လက်သပိတ်မှောက်နေတာမှာ သြဂုတ် ၅ ရက် မနက်အစောပိုင်းမှာတော့ ဒေသအာဏာ ပိုင်တွေရဲ့ ဖြိုခွင်းခြင်းခံလိုက်ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဦးဆောင်သူလို့စွပ်စွဲခံရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ဒေသအာဏာပိုင် ရဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပြီး ဒီနေ့မှာတော့ ဒုတိယအကြိမ် မြောက်အဖြစ်နဲ့ ရုံးထုတ်စစ်ဆေးခံခဲ့ရပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားစွဲခံရသူတွေဘက်က အာမခံ လျှောက်ထားခဲ့ပေမယ့်လည်း တရားရုံးကလက်မခံခဲ့ဘဲ စက်တင်ဘာ ၆ ရက် မနက် ၁၀ နာရီ ထပ်မံချိန်းဆိုခဲ့တယ် လို့သိရပြီး အဲဒီနေ့ကျမှ အာမခံပေးသင့်မပေးသင့် ဆုံးဖြတ် သွားမှာဖြစ်တယ်လို့
တရားရုံးတာဝန်ရှိသူကပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*