သထုံ ခရိုင်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှ ရပ်စဲ၊ အချို့ကို တရားစွဲပြီး၊ ၇ဦးကို စစ်ဆေးနေ

သထုံ ခရိုင်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှ ရပ်စဲ၊ အချို့ကို တရားစွဲပြီး၊ ၇ဦးကို စစ်ဆေးနေ
August 23, 2017 Asian Fame

1:31 pm
သထုံ ခရိုင်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှ ရပ်စဲ၊ အချို့ကို တရားစွဲပြီး၊ ၇ဦးကို စစ်ဆေးနေ
ThaHtone(ရန်ကုန် ၊ သြဂုတ် ၂၃)

မွန်ပြည်နယ်၊ သထုံခရိုင် အတွင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၆ ဦးကို လုပ်ပိုင်ခွင့်ကျော် လုပ်လို့ ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေအရ တာဝန်မှ ရပ်စဲ လိုက်တယ်လို့ သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

ဒါ့အပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး အဟောင်း တစ်ဦးနဲ့ တာဝန် ယူနေဆဲ တစ်ဦးတို့ ကိုလည်း အဂတိ လိုက်စားမှုနဲ့ တရားစွဲ အရေးယူ ထား သလို ထပ်မံ အရေးယူဖို့ လည်း ၇ ဦးကို စစ်ဆေးနေတယ် လို့ သူကပြောပါတယ်။

” အဓိက က လုပ်ပိုင်ခွင့်ကျော် လုပ်ကြတာပေါ့။ ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေမှာ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေပြဌာန်း ထားပါ တယ်။ ဒါကို ကျော်ပြီးလုပ်လို့ မရပါဘူး။ ရဲအရေးပိုင်တဲ့ အမှုတွေ၊ တရားရေး ပိုင်းက ဆောင်ရွက်ရမယ့် အမှုတွေကို လူမှုရေး ပတ်သတ်မှု နဲ့ ဝင်ရောက် ညှိနှိုင်းတာမျိုးတွေ လုပ်ကြလို့ ပါ ။တိုင်ကြားခံရရင် မြို့ နယ် အုပ်ချုပ်ရေးမှူးက အရေးယူပါတယ်။ ကျင့်ဝတ်ဖောက်ဖျက် ထားတာ ထင်ရှားရင်တော့ ချက်ချင်း ရပ်စဲပါတယ်။ သံသယ ရှိရင်တော့ ဥပဒေနဲ့ အညီ အဖွဲ့ ဖွဲ့ ပြီး စစ်ဆေးပါတယ် ” လို့ သူကပြောပါ တယ်။

တာဝန်က ရပ်စဲခံလိုက်ရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၆ ဦးဟာ ပြည်သူများက တိုင်ကြားကြတဲ့ အတွက် စစ်ဆေးရာမှာ လုပ်ပိုင်ခွင့်ကျော် လုပ်တာတွေ တွေ့ ရှိရလို့ တာဝန်က ရပ်စဲခံလိုက် ရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး အများစုက မြေယာပြဿနာ နဲ့ တိုင်ကြား ခံရတာဖြစ်တယ် လို့ လည်းသူကပြောပါတယ်။

မွန်ပြည်နယ် လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာ များ လေ့လာ သုံးသပ် စီစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ က ၎င်းတို့ ကော်မတီ ကို ရောက်လာတဲ့ တစ်ပတ် အတွင်းရောက်လာတဲ့ တိုင်ကြားစာ စောင်ရေ ၂၀ ခန့် မှာ အနည်းဆုံး ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ကို ပြည်သူက တိုင်ကြားတဲ့ တိုင်စာက ၅ စောင်ခန့် ပါတယ် လို့ ဆိုပါတယ်။

” ကော်မတီကို ရောက်လာတဲ့ တိုင်ကြားစာတွေထဲ မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ရဲ့ မြေယာပြသနာ၊ မလျော်သြဇာသုံးတာ ၊ ကိုယ်ကျိုး စီးပွား လုပ်တာနဲ့ ထောက်ခံစာလုပ်ရင် ပိုက်ဆံပေးရလို့ တိုင်တာတွေက အများဆုံးပါပဲ။ လက်ရှိမှာ လွှတ်တော် ကနေ ကော်မတီကိုလွှဲ
ပေးတဲ့ တိုင်စာတွေ ၊ကော်မတီကို တိုက်ရိုက် တိုင်ကြားတဲ့ တိုင်စာ စုစုပေါင်းဆိုရင် ၁၅၀၀ လောက် ရှိပါပြီ။ အဲဒီထဲမှာ စောင်ရေ အတိအကျ မမှတ်မိပေမဲ့ အုပ်ချုပ်ရေးမှူးတွေ ကို တိုင်ကြားကြတဲ့ တိုင်စာတွေက အများဆုံးပါပဲ” လို့ သူကပြောပါတယ်။

ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မ ၁၃ တို့ မှာ ပြဌာန်းဖော်ပြထားတဲ့ ကျင့်ဝတ် နဲ့ လုပ်ဆောင်ရန်တို့ ကို ကျော်လွန် လုပ်ဆောင်ခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းတို့ လုပ်ဆောင်ပါက ပုဒ်မ ၁၅(ခ)အရ နှင်းအပ်ထားသော တာဝန်မှ ရပ်စဲခွင့် ရှိတယ်လို့ 
သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*