၂ ပတ်အတွင်း ဒုက္ခသည် ၂ ထောင်ကျော် တိုးလာစေတဲ့ ကချင်ပြည်နယ်က တိုက်ပွဲ

၂ ပတ်အတွင်း ဒုက္ခသည် ၂ ထောင်ကျော် တိုးလာစေတဲ့ ကချင်ပြည်နယ်က တိုက်ပွဲ
August 23, 2017 Fame Asian

5:48 pm
၂ ပတ်အတွင်း ဒုက္ခသည် ၂ ထောင်ကျော် တိုးလာစေတဲ့ ကချင်ပြည်နယ်က တိုက်ပွဲ

20989300_1577404052318328_5855349517743013915_o

ရန်‌ကုန်‌၊သြဂုတ်‌ ၂၃

ကချင်‌ပြည်‌နယ်‌မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သြဂုတ် ၁၁ ရက်နေ့က ဒုက္ခသည်စခန်းစဖွင့်ခဲ့ပြီး ဒီကနေ့ထိဆိုရင် ဒုက္ခသည် ၃၀၀၀ ကျော်ရှိခဲ့ပြီလို့ လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာန ကနေသိရပါတယ်။စခန်းစစဖွင့်ချိန် သြဂုတ်လ ၁၁ ရက်နေ့က ဒုက္ခသည် ၇၄၆ ဦးသာရှိခဲ့ပါတယ်။

ဒါပေမယ့် သြဂုတ်လ ၁၁ ရက်နေ့က နေ သြဂုတ်လ ၂၃ ရက်နေ့(ဒီကနေ့) အတွင်း လူဦးရေ ၂၀၀၀ ကျော်ထပ်တိုးလို့ စုစုပေါင်း စစ်ဘေးရှောင်ဒုက္ခသည် ၃၁၃၄ ဦးရှိခဲ့ပြီလို့ ဦးစီးဌာန ဦးစီးမှူး ဦးသန်း‌ကျော်‌‌ဌေးက‌ပြောပါတယ်။

“ကချင်‌ပြည်‌နယ်‌ထဲက တချို့ပြည်‌သူ‌တွေက သူတို့နယ်‌‌မြေ‌တွေမှာအ‌ခြေအ‌နေသိပ်‌မဆိုးလို့မလာဘူး။‌နေလို့ မဖြစ်‌တဲ့အ‌ခြေအ‌နေ‌ရောက်‌မှ ကယ်‌ဆယ်‌‌ရေးစခန်းကိုလာကြ‌တယ်‌ “လို့ သူက ဆိုပါတယ်။

လက်‌ရှိ ကယ်‌ဆယ်‌‌ရေးစခန်းမှာ လာ‌ရောက်‌ခိုလှုံနေတဲ့ အိမ်‌‌ထောင်‌စု ၆၁၈ စုရှိနေပါတယ်။ကယ်‌ဆယ်‌‌ရေးစခန်းတွေကို ကချင်‌ပြည်‌နယ်‌ ၊ မြစ်‌ကြီးနား၊ဝိုင်း‌မော်၊ဆဒုန်း၊မိုးညှင်း၊တနိုင်းနဲ့ မိုး‌ကောင်းမြို့နယ်‌တွေမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့သိရပါတယ်။

စစ်‌‌ရှောင်‌ပြည်‌သူတွေကို လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာနက ‌ဆန်‌၊စားနပ်‌ရိက္ခာနှင့်‌‌ဆေးဝါးတွေ စုစုပေါင်းငွေသားတန်‌ဖိုး ၅၂၅၉၁၅၀ ကျပ်‌နဲ့ အ‌ရေး‌ပေါ်ကယ်‌ဆယ်‌‌ရေးပစ္စည်း တန်‌ဖိုးစုစု‌ပေါင်း ‌၂၁၁၁၆၅၅၇ ကျပ်‌‌ထောက်‌ပံ့ထား‌တယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။လက်ရှိ ကချင်ပြည်နယ်ထဲက တနိုင်းဒေသမှာဆိုရင် မြန်မာ့တပ်မတော်နဲ့ KIA တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*