တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့် ကန့်သတ်လိုက်ပြီး အခွန်နှုန်းထား ပြောင်းလဲမည့် သတင်းများကြောင့် ဂျပန်လေလံဆွဲမှု နည်းပါးနေပြီး လေလံဈေးနှုန်းများ ကျဆင်းနေ

တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့် ကန့်သတ်လိုက်ပြီး အခွန်နှုန်းထား ပြောင်းလဲမည့် သတင်းများကြောင့် ဂျပန်လေလံဆွဲမှု နည်းပါးနေပြီး လေလံဈေးနှုန်းများ ကျဆင်းနေ
August 23, 2017 Fame Asian

4:29 pm
တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့် ကန့်သတ်လိုက်ပြီး အခွန်နှုန်းထား ပြောင်းလဲမည့် သတင်းများကြောင့် ဂျပန်လေလံဆွဲမှု နည်းပါးနေပြီး လေလံဈေးနှုန်းများ ကျဆင်းနေ

sနေပြည်တော် သြဂုတ် ၂၃

တစ်တန်အောက် လုပ်ငန်းသုံးယာဉ်များ မီနီထရပ်များနှင့် Delivery Van ကားများ ပါမစ်လျှောက်ထားခွင့်ကို ကန့်သတ်လိုက်ပြီး စက်တင်ဘာလကုန်တွင် ပြောင်းလဲကောက်ခံမည့် အခွန်နှုန်းထားသစ်များကြောင့် ဂျပန်နိုင်ငံမှ ကားတင်သွင်းရန်လေလံဆွဲမှုများနည်းပါးသွားပြီးလေလံဈေးများကျဆင်းလျှက်ရှိနေသည်။

“အခုက ကားသွင်းမယ်ဆို ပါမစ်တစ်စောင်ကို ဆယ်သိန်းကျော်ပေး ဝယ်ရတယ်၊ဒီကြားထဲ အခွန်ကလဲ ရှေ့လကုန်ရင်တိုးမယ်ဆိုတော့ အရင်လို အပြိုင်အဆိုင် လေလံဈေးမပေးတော့ဘူး၊ဆွဲတဲ့လူလဲ နည်းသွားတာပေါ့ ကြိုပွိုင့်ရောင်းတဲ့ သူတွေလောက်ဘဲ ဆွဲကြတယ်ဒါကြောင့်လေလံဈေး ထိုးကျနေတယ်”ဟု ရန်ကုန်မြို့မှ ကားတင်သွင်းနေသူ ကိုချစ်ကိုကဆိုသည်။

မီနီထရပ်ကားများကို ယခင်ကမော်ဒယ်အမျိုးအစားအလိုက် ယန်းသုံးသိန်းမှ ယန်းရှစ်သိန်းကျော်အထိ လေလံဈေးရှိခဲ့သော်လည်း ယခုအခါ မော်ဒယ်အလိုက် ယန်းသုံးသောင်းမှ တစ်သိန်းဝန်းကျင်အထိ ဈေးကျနေကြောင်း သိရသည်။လေလံစနစ်၏ သဘော သဘာဝအရ အပြိုင်အဆိုင် ဈေးပေးဝယ်ယူကြသော်လည်း ယခုအခါ ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ကားတင်သွင်းမှုကို ကန့်သတ်လိုက်သည့်အတွက် လေလံဈေးနှုန်းများ ကျဆင်းသွားခြင်းဖြစ်သည်။

တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်ကို ကန့်သတ်လိုက်ရခြင်းမှာ ရှေ့နှစ်တွင်ဘယ်မောင်းအမျိုးအစား ကားအသစ်များကိုပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေသောကြောင့် ဖြစ်မည်ဟု ကားလောကအတွင်းမှ သုံးသပ်လျှက်ရှိနေသည်။အစိုးရအပိုင်းမှလည်း ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ညာမောင်းကားများ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ပြီး ဘယ်မောင်းအမျိုးအစား ကားများကို ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်ရန် တွန်းအားပေး ဆောင်ရွက်လျှက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*