အမြန်လမ်းမှာ ဓားပြတိုက် လုယက်ခဲ့တဲ့ သူတွေကို ရဲ မိပြီ

အမြန်လမ်းမှာ ဓားပြတိုက် လုယက်ခဲ့တဲ့ သူတွေကို ရဲ မိပြီ
August 22, 2017 Asian Fame

1:50 pm
အမြန်လမ်းမှာ ဓားပြတိုက် လုယက်ခဲ့တဲ့ သူတွေကို ရဲ မိပြီ

highway(ရန်ကုန်၊ သြဂုတ် ၂၂)

ပြီးခဲ့တဲ့ တစ်လကျော်က အမြန် လမ်းမကြီးဘေး တစ်နေရာမှာ ဓားပြတိုက် လုယက်ခဲ့တဲ့ အမှုထဲက ကျူးလွန်သူလို့ ယူဆရတဲ့ ၂ဦးကို ရဲက ဖမ်းမိပြီ လို့ သတင်း ရရှိပါတယ်။

အခုဖမ်းမိခဲ့သူ ၂ဦးဟာ ကျူးလွန်သူ လေးဦးထဲက ထွက်ပြေးနေတဲ့ နှစ်ဦးပါ။ မြ၀တီမြို့မှာ ဖမ်းဆီးရမိပြီတာ ဖြစ်တယ်လို့ ရဲက လုယက်ခံ လိုက်ရသူ ကိုဝင်းနိုင်ထံ ဆက်သွယ် အကြောင်းကြားထားပါတယ်။

“အကိုတို့ကို စခန်းကပြောတယ်။ တရားခံတွေမိပြီပြောပါတယ်။ သက်သေခံ ပစ္စည်းတွေ ကတော့ရှာနေဆဲလို့ပြောတယ်။
ထူးခြားရင် ဆက်သွယ်မယ် လို့ပြောပါတယ်”လို့ ကိုဝင်းနိုင်က ပြောပြပါတယ်။

၂၀၁၇ ဇူလိုင်လ ၁၃ရက်နေ့ မနက်၅နာရီခွဲ အချိန်က ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၇၆ မိုင်၊ ၄ ဖာလုံနဲ့ ၅ ဖာလုံ အကြား မှာ အဲဒီ့အမှုဖြစ်ခဲ့တာပါ။

ဓားရှည် ကိုင်ဆောင်ထားသူ အချို့က စက်ချို့ယွင်း သွားလို့ ရပ်တန့်ထားတဲ့ ကားပေါ်ပါတဲ့ သူ ၂ဦးဆီကနေ ပိုက်ဆံ သိန်း ၅၀၊ရွှေ ၃ ကျပ်သား၊အိုင်ဖုန်း တစ်လုံးလုယူသွားတာပါ။

သြဂုတ်လ ၁၂ရက်မှာ လုယက်သူလေးဦး အဖွဲ့ထဲ ကနှစ်ဦးကို ဖမ်းဆီးရမိ ထားပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံနှစ်ဦးကို အခုမှ မိခဲ့တာ လို့ သာဂရအမြန်လမ်းရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

“အရင်ဖမ်းမိတဲ့ တရားခံတွေက လုယက် ပစ္စည်းတွေကို တရားခံပြေးတွေ ယူသွားတယ် ပြောတယ်။ အခုသူတို့ကိုမိပြီ ဆိုတော့ စုံစမ်း စစ်ဆေးနေပါတယ်။ ပုဒ်မ ၃၉၂နဲ့အရေးယူ ထားပါတယ်။ သက်သေခံ ပစ္စည်းတွေ ရှာနေဆဲပါ။”လို့ ၎င်းက ဆက်ပြောပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*