စစ်တွေဆေးရုံမှာ H1N1 ရောဂါသံသယရှိသူ တစ်နှစ်ကျော်ကလေးတစ်ဦးတွေ့ ရှိထားဟုဆို

စစ်တွေဆေးရုံမှာ H1N1 ရောဂါသံသယရှိသူ တစ်နှစ်ကျော်ကလေးတစ်ဦးတွေ့ ရှိထားဟုဆို
August 22, 2017 Fame Asian

3:06 pm
စစ်တွေဆေးရုံမှာ H1N1 ရောဂါသံသယရှိသူ တစ်နှစ်ကျော်ကလေးတစ်ဦးတွေ့ ရှိထားဟုဆို

20953097_800022570157264_5281330571288193796_n

ရန်ကုန် ၊ သြဂုတ် ၂၂

စစ်တွေဆေးရုံမှာ H1N1 ရောဂါသံသယရှိသူ တစ်နှစ်ကျော်ကလေးတစ်ဦးတွေ့ ရှိထားလို့ ရန်ကုန်မြို့ ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှာ ဓါတ်ခွဲအဖြေစစ်ဆေးထားတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဦးရွှေသိန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

”မနေ့ ကသံသယရှိ ကလေးတစ်ဦးတွေ့ ရှိတာနဲ့ ကျွန်တော်တို့ ဓါတ်ခွဲဌာနကို ပေးပို့ စစ်ဆေးထားပါတယ်။ဓါတ်ခွဲအဖြေစောင့်နေပါတယ်။ H1N1 ဟုတ်မဟုတ်ကတော့ မနက်ဖြန်လောက်မှ အတည်ပြုနိုင်ပါမယ်” လို့သူကပြောပါတယ်။

သံသယရှိလူနာဟာ အသက် တစ်နှစ်သုံးလသားအရွယ် ယောကျာင်္းလေးတစ်ဦးဖြစ်ပြီး နာရီကန်ကျေးရွာမှ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ဟာ သြဂုတ်လ ၁၈ ရက်နေ့ က စစ်တွေဆေးရုံကို တုပ်ကွေးနဲ့ အသက်ရှူကြပ်လို့ ဆိုပြီး လာရောက်ကုသတာဖြစ်တယ် လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။

စစ်တွေဆေးရုံမှာ H1N1 လူနာ ၃ ဦးတွေ့ ရှိခဲ့ပြီးတော့ ယင်း၃ ဦးစလုံး ရောဂါသက်သာလို့ ဆေးရုံပြန်ဆင်းသွားပြီလို့ ဆေးရုံအုပ်ကြီးရဲ့ပြောပြချက်အရသိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ H1N1 ရောဂါနဲ့ သေဆုံးသူ ၃၀ ဦးရှိပြီဖြစ်ပြီးတော့ အတည်ပြုဖြစ်ပွားသူ ၂၉၇ ဦးရှိပါတယ်။ရခိုင်ပြည်နယ်မှာတော့ ၄ ဦးဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိသေးပါဘူးလို့သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*