မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်ခံရတဲ့ မန်းလွှတ်တော်ရဲ့ အလုပ်ခေါ်စာ

မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်ခံရတဲ့ မန်းလွှတ်တော်ရဲ့ အလုပ်ခေါ်စာ
August 22, 2017 Fame Asian

4:37 pm
မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်ခံရတဲ့ မန်းလွှတ်တော်ရဲ့ အလုပ်ခေါ်စာ

20953810_1947144478872456_4017938753996176923_nရန်ကုန် ၊ သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၀န်ထမ်းခေါ်စာဟာ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံတယ်ဆိုပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

သြဂုတ်လ ၆ ရက်နေ့ ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က လစ်လပ်နေတဲ့ ဒုတိယဦးစီးမှူးနဲ့ အငယ်တန်းစာရေးနေရာတို့ ကို ၀န်ထမ်းလျှောက်လွှာခေါ်ယူခဲ့ပါတယ်။

ဒီအလုပ်ခေါ်စာမှာ ” လျှောက်ထားသူဟာ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါသန်စွမ်းသူဖြစ်ရမည်” ဆိုတဲ့ စာသားပါဝင်ခဲ့ပါတယ်။

ဒီစာသားအပေါ် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ပြင်းထန်စွာကန့်ကွက်တယ်လို့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

အသင်းချုပ်အတွင်းမှူး ဦးမြတ်သူဝင်းက
“ကျွန်တော်တို့ကတော့ လူကြီးလူကောင်းဆန်ဆန်တရားဝင်စာပို့ခဲ့တယ်။ သူတို့ဘက်က စာပြန်ခြင်းအခုထိမရှိသေးဘူး။ သူတို့ဘက်ကမှန်တယ်ဆိုရင်လည်း မှန်တဲ့အကြောင်းထုတ်ပြန်သင့်တာပေါ့။ အခုဟာက အဖက်မလုပ်တာလား မသိဘူး။ ဂရုမစိုက်လို့ပဲလားပေါ့။ သူတို့ဘက်က ဒီအတိုင်းဆက်သွားမယ်လို့ ၀မ်းနည်းဖွယ်ရာသိရပါတယ်။ ဥပဒေက နိုင်ငံတကာက ဥပဒေတွေလည်းမဟုတ်ဘူး။ ပြည်တွင်းတည်ဆဲဥပဒေတွေကိုတော့လိုက်နာသင့်တယ်။ မသန်စွမ်းဥပဒေဆိုတာ မတရားသဖြင့် ရေးဆွဲထားတဲ့ဥပဒေမဟုတ်ဘူး။ ဒီဥပဒေတစ်ခုဖြစ်ဖို့တောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတာ ။ ဒါကို အသက်ဝင်ဖို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ရိုးသားတဲ့စေတနာပါ။ သူတို့ခေါ်တဲ့စာထဲမှာ ကျန်းမာရမည်ဆိုတာ ကတော့ထားပါတော့။ သန်စွမ်းရမည်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်တာလဲ နားမလည်ဘူး။ ၀ိတ်မရမယ်တို့ ဘာတို့ ကိုပြောတာလား။ ကျွန်တော်တို့ကတော့ေ ရှ့ဆက်ပြီး တင်ပြသွားမှာပါ” လို့ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့ပါတယ်။

” ကျွန်တော်တို့ က ၀န်ထမ်းခေါ်တဲ့အခါ ရှိတဲ့ ၀န်ထမ်းခေါ်ယူမှု စည်းမျဉ်းစည်းကမ်းအတိုင်း ခေါ်ရတာပါ။ ဆန့် ကျင်ပြီးခေါ်ခွင့်မရှိပါဘူး။ ဥပဒေနဲ့ အညီခေါ်တာပါ။ တစ်ချို့ ဝန်ကြီးဌာနတွေအားလုံးမှာလည်း ဥပဒေစည်းမျဉ်းအရခေါ်ရပါတယ်။ အမျိုးသားလွှတ်တော်တို့ ပြည်သူ့ လွှတ်တော်တို့ ကခေါ်ရင်လည်း ဒီလိုပဲခေါ်ရပါတယ်။ မသန်စွမ်းသူများအဖွဲ့ အချုပ်က ပြောတဲ့အတိုင်းဖြစ်ဖို့ ဆိုရင် ဥပဒေကို ပြန်လည်ပြင်ဆင်မှရပါမယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရဲ့ ကန့်ကွက်စာထဲမှာတော့
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဟာ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံသလို မသန်စွမ်းသူတွေ ရဲ့အရည်အချင်း၊စွမ်းဆောင်ရည်ကို အသိအမှတ်မပြုဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့လူ့ အခွင့်အရေးကြေညာစာတမ်း၊၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ၂၀၀၅ ခုနှစ် မသန်စွမ်းသူများအခွင့်အရေးဥပဒေတို့ ကို သိသိသာသာချိုးဖောက်ထားတယ်လို့ ဝေဖန်ထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*