၈ နိုင်‌ငံ မှ ကိုယ်‌ခံပညာ ချန်‌ပီယံများ ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌ခဲ့ကြသည့်‌ မြန်‌မာ့ရိုးရာ လက်‌‌ဝှေ့ ချန်‌ပီယံပြိုင်‌ပွဲ

၈ နိုင်‌ငံ မှ ကိုယ်‌ခံပညာ ချန်‌ပီယံများ ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌ခဲ့ကြသည့်‌ မြန်‌မာ့ရိုးရာ လက်‌‌ဝှေ့ ချန်‌ပီယံပြိုင်‌ပွဲ
August 21, 2017 Asian Fame

12:00 pm
၈ နိုင်‌ငံ မှ ကိုယ်‌ခံပညာ ချန်‌ပီယံများ ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌ခဲ့ကြသည့်‌ မြန်‌မာ့ရိုးရာ လက်‌‌ဝှေ့ ချန်‌ပီယံပြိုင်‌ပွဲ

------(ရန်‌ကုန်‌၊သြဂုတ်‌ ၂၁)

နိုင်‌ငံ‌ပေါင်း ၈နိုင်‌ငံမှ ကိုယ်‌ခံပညာ ချန်‌ပီယံများ ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌ခဲ့ကြသည့်‌ ဒုတိယ အကြိမ်‌ မြန်‌မာ့ရိုးရာ လက်‌‌ဝှေ့ ချန်‌ပီယံပြိုင်‌ပွဲကြီး ကို ယမန်နေ့ သြဂုတ်‌လ ၂၀ရက်‌‌နေ့ ညက သုဝဏ္ဏ၊ အမျိုးသား အားကစားပြိုင်‌ပွဲရုံ၁တွင်‌ ကျင်းပခဲ့သည်‌။

ကျန်းမာ‌ရေးနှင့်‌ အားကစား ဝန်‌ကြီးဌာန၊မြန်‌မာနိုင်‌ငံရိုးရာ လက်‌‌ဝှေ့ အဖွဲ့ချုပ်‌မှကြီးမှူး၍ ကျင်းပခြင်းဖြစ်ကာ မြန်‌မာ့ရိုးရာ လက်‌‌ဝှေ့ ကမ္ဘာ့ ချန်‌ပီယံများ၊ ကမ္ဘာ့မွေထိုင်း ချန်‌ပီယံများ၊ ကမ္ဘာ့KIချန်‌ပီယံ ၊ပြင်‌သစ်‌‌မွေထိုင်း ချန်‌ပီယံ၊ ကမ္ဘာ့ကစ်‌‌ဘောက်‌ဆင်‌ ချန်‌ပီယံ၊ ဘရားဇီး‌မွေ ထိုင်း ချန်‌ပီယံနှင့်‌ ပြင်‌သစ်‌‌မွေထိုင်းချန်‌ပီယံတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်‌။

ဒေါင်းဖြူလေး(အက်ဗန်းချား) နှင့် စိုးဝင်းသန်း( ရန်စစ်ငြိမ်း)၊ ရဲသွေးနီ(မြန်မာ) နှင့် ဂွန်ထယ်(ထိုင်း)၊ ထွန်းလွင်မိုး(မြန်မာ) နှင့် အယ်လက်ဇီဆာရီပီစို့(စ်)(နယူးဇီလန်)၊ သားအသည်း တစ်ပွင့် (မြန်မာ) နှင့် ဗစ်တာဟူဂိုနူး(စ်) (ဘရာဇီး)၊ ဖျံသွေး(မြန်မာ) နှင့် ဆီဘက်(စ်)တီယန်ဘီး (ပြင်သစ်)၊ စောဂေါ်မူတို (မြန်မာ) နှင့် နျူကလီးယားဟာဒီ (အီရန်)၊ ဒေ့(ဗ်)လက်ဒပ်(မြန်မာ/ကနေဒါ) နှင့် ဆိုင်းရပ်(စ်) (အမေရိကန်) တို့ယှဉ်‌ပြိုင်‌ ထိုးသတ်‌ခဲ့ကြရာဝယ် ၅၇ ကီလိုတန်းမှ ရဲသွေးနီ (မြန်မာ)က တတိယအချီ (၂)မိနစ်မှာပဲ မွေ့ထိုင်း ကစားသမား ဂွန်ထယ်ကို အလဲထိုးအနိုင်ယူပြီး ရွှေခါးပတ်ချန်ပီယံဆုကိုလည်းကောင်း၊၆၀ ကီလိုတန်းမှ ထွန်းလွင်မိုး (မြန်မာ) က ဒုတိယ အချီတွင်‌ အယ်လက်ဇီဆာရီပီစို့စ် ကို ဒဏ်ရာ ပြင်းထန်စွာရ‌စေပြီး ရွှေခါးပတ်ချန်ပီယံဆု ကိုလည်းကောင်း၊ ၆၈ ကီလိုတန်း မှဖျံသွေး (မြန်မာ)က ဒုတိယအချီ ပွဲချိန်(၂)မိနစ်အတွင်း စီဘတ်စ်တီယန်ဘီလော့ဒ် ကို အလဲထိုး အနိုင်ယူကာ ရွှေခါးပတ် ချန်ပီယံဆုကို
လည်းကောင်း အသီးသီး သိမ်းပိုက် ရရှိသွားခဲ့ကြသည်‌။

ကျန်‌ရှိသည့်‌ အမျိုးသားကိုယ်‌ခံပညာချန်‌ပီယံများ ပွဲစဉ်‌နှင့် အမျိုးသမီး အထူးစိန်‌‌ခေါ်ပွဲတို့သည်‌ ပူးတွဲ သ‌ရေဖြင့်‌သာ ပွဲပြီးဆုံးခဲ့သည်‌။

boxing
အထူးပွဲစဉ်‌‌ အ‌နေဖြင့်‌ မြန်‌မာနိုင်‌ငံမှ ဘ‌ရောနီကာနှင့်‌ ‌ကော်‌စတာရီကာနိုင်‌ငံမှ ‌မော်‌နီကာဘားနီး(စ်‌)မီနာ တို့ ထိုးသတ်ခဲ့ကြရာ၌လည်း ၄ချီ အထိ အနိုင်အရှုံး မပေါ်ခဲ့ဘဲ သရေ ရရှိခဲ့သည်။

သတင်း- သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*