ကျောင်းသားကို ရိုက်လို့ ကောင်းလိုက်တာဆိုပြီး ဘယ်လိုရိုက်လိုက်တယ်ဆိုတာတွေရေးတင်တဲ့ အကောင့်တုကို ဖော်ထုတ်အရေးယူသွားမည်ဟု အမည်နှင့်ပုံယူသုံးခံရသူဆရာမဆို

ကျောင်းသားကို ရိုက်လို့ ကောင်းလိုက်တာဆိုပြီး ဘယ်လိုရိုက်လိုက်တယ်ဆိုတာတွေရေးတင်တဲ့ အကောင့်တုကို ဖော်ထုတ်အရေးယူသွားမည်ဟု အမည်နှင့်ပုံယူသုံးခံရသူဆရာမဆို
August 21, 2017 Fame Asian

5:49 pm
ကျောင်းသားကို ရိုက်လို့ ကောင်းလိုက်တာဆိုပြီး ဘယ်လိုရိုက်လိုက်တယ်ဆိုတာတွေရေးတင်တဲ့ အကောင့်တုကို ဖော်ထုတ်အရေးယူသွားမည်ဟု အမည်နှင့်ပုံယူသုံးခံရသူဆရာမဆို

ရန်ကုန်၊ သြဂုတ် ၂၁

ကျောင်းသားကို ရိုက်လို့ ကောင်းလိုက်တာဆိုပြီး ဘယ်လိုရိုက်လိုက်တယ်ဆိုတာတွေရေးတင်ခဲ့လို့ ဝေဖန်ခံနေရတဲ့အကောင့်ဟာ အတုဖြစ်တာကြောင့် တရားဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်သွားမယ်လို နာမည်နဲ့ဓါတ်ပုံယူသုံးခံရတဲ့ ကာယကံရှင်ဆရာမဒေါ်တင့်တင့်ဝေက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကျောင်းသားကို ရိုက်နှက်ပြီး ရိုက်လို့ကောင်းလိုက်တာ စသည်ဖြင့် စာသားများကို ရေးတင်ထားတာကြောင့် တင့်တင့်ဝေနာမည်နဲ့ ဆရာမ၀တ်စုံပုံ တင်ထားတဲ့ facebook အကောင့်တစ်ခုဟာမနေ့ညနေကစပြီး လူမှုကွန်ယက်မှာဝေဖန်ခံခဲ့ရပါတယ်။

အဲဒီအကောင့်ဟာ အတုဖြစ်ပြီး မဟုတ်မမှန်ရေးသားမှုတွေဟာလဲ ကာယကံရှင်ဆရာမရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတာမို့ အကောင့်ကိုဖော်ထုတ်အရေးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချုပ်မှ အတွင်းရေးမှူး
ဦးဇော်မျိုးလှိုင်ကပြောပါတယ်။

”ကျွန်မရဲစခန်းကို သွားတိုင်တော့ စခန်းမှူးက မှတ်တမ်းယူထားလိုက်ပါတယ်။အခု ကျွန်မဓါတ်ပုံတွေယူသုံးနေတဲ့အကောင့်ကနေ ပြဿနာတစ်ခုခုထပ်လုပ်ရင် အကာအကွယ်ပေးပ့ါမယ်လို့ လည်းပြောပါတယ်။အခု အဲဒီအကောင့်ကရှာမတွေ့ တာ့ဘူး။ ကျွန်မပုံနဲ့နာမည်ကိုယူသုံးပြီး ကျွန်မကိုဂုဏ်သိက္ခာကျအောင်လုပ်တဲ့ သူကိုဖော်ထုတ်ပြီးတရားဥပဒေလမ်းကြောင်းအရအရေးယူနိုင်အောင် ဆောင်ရွက်သွားပါမယ်။ ကျွန်မတို့လိုဆရာ ဆရာမတွေက ကျောင်းသားကိုရိုက်နှက်ပြီး အရသာခံရေးတင်တယ်ဆိုတာကို ဟုတ်မဟုတ်မစဉ်းစားဘဲ ဝေဖန်နေတဲ့သူတွေကိုကျွန်မကအံ့သြမိတာ” လို့ ဒေါ်တင့်တင့်ဝေကပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က”ကျွန်တော်တို့ Cyber Police တို့ ကိုတိုင်ပြီး အကောင့်ကိုဖော်ထုတ်အရေးယူလို့ ရမရ တိုင်ပင်ပြီးဆောင်ရွက်သွားမယ်။ ကျွန်တော့်မိတ်ဆွေတစ်ဦးဆီကနေ ဆရာမနဲ့ အဆက်အသွယ်ရတာပါ။ ဆရာမက ရိုးရိုးအေးအေးနေတတ်တဲ့သူပါ။ အခု အကောင့်တုက ဓါတ်ပုံတွေယူသုံးပြီး ဖွင့်ထားတာလည်းမကြာသေးဘူး။ ဒါကို ခြေခြေမြစ်မြစ်မသိဘဲ တကယ်ဟုတ်သလား ဟုတ်ဘူးလား မစဉ်းစားဘဲ facebook မှာဝေဖန်နေကြ share လုပ်နေကြတော့ အကုန်လုံးကိုပြန့်သွားရော။ တလောကလည်း ပညာရေးဝန်ကြီးဌာနက အရာရှိကြီးတစ်ဦးက ဆရာဆရာမတွေကို အာဏာရှင်ဆန်တယ်ဆိုပြီးပြောထားတာရှိတယ်။ အခုလည်း ဒီလိုတွေ တိုက်တိုက်ဆိုင်ဆိုင် ပြန့်လာတော့ ဆရာလောကတစ်ခုလုံးဝေဖန်ခံရတော့ ကျွန်တော်တို့ ပညာရေးလောကအတွက်နစ်နာပါတယ်” လို့ ပြောပါတယ်။

နာမည်နဲ့ ဓါတ်ပုံယူသုံးခံရတယ်လို့ ဆိုတဲ့ ဆရာမဒေါ်တင့်တင့်ဝေဟာ လက်ရှိမှာ ချောက်မြို့နယ် ဂွေးပင်ရွာအထက်တန်းကျောင်းမှာ အလယ်တန်းပြ ဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီးတော့ သူမအမန်တကယ်သုံးနေတဲ့ facebook အကောင့်ဟာ La Min Nyo နာမည်နဲဖြစ်တယ်လို့ သူကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*