နယ်မြေ တည်ငြိမ်ပြီး ငြိမ်းချမ်းရေး ရသည့် ဒေသများတွင် ကော်ဖီ စိုက်ပျိုးမှုများ တိုးချဲ့သွားရန် စီစဉ်နေ

နယ်မြေ တည်ငြိမ်ပြီး ငြိမ်းချမ်းရေး ရသည့် ဒေသများတွင် ကော်ဖီ စိုက်ပျိုးမှုများ တိုးချဲ့သွားရန် စီစဉ်နေ
August 17, 2017 Fame Asian

5:06 pm
နယ်မြေ တည်ငြိမ်ပြီး ငြိမ်းချမ်းရေး ရသည့် ဒေသများတွင် ကော်ဖီ စိုက်ပျိုးမှုများ တိုးချဲ့သွားရန် စီစဉ်နေ

20881826_1808271572767150_5234235963105864789_n-(1)

နေပြည်တော် သြဂုတ် ၁၇

ကော်ဖီ ထုတ်ကုန်များကို ဥရောပနှင့် အာရှနိုင်ငံများမှ ဝယ်လိုအား ရှိနေပြီး ဈေးကွက်တင်ပို့မှု အားကောင်းလာသည့် အတွက် လက်ရှိ စိုက်ပျိုးနေသည့် ဒေသများ အပြင် နယ်မြေ တည်ငြိမ်ပြီး ငြိမ်းချမ်းရေးရထားသည့် ဒေသများတွင်ပါ တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျှက် ရှိနေ သည်။

စိုက်ပျိုးရေး ဦးစီးဌာန မှညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲတင့်ထွန်းက”၊တောင်ပေါ်ဒေသတွေ မှာအာရေဗီးယား မျိုးကိုစိုက်ပြီးမြေပြန့် မှာဆို ရိုဘက်စတာမျိုးကို စိုက်ပျိုးနိုင်ပါတယ်၊ ကျနော်တို့ ဆီမှာ ကအာရေဗီးယား ဘဲအာရုံ ရစိုက်နေကြတာ၊ ရိုဘက်စတာ ကိုမေ့ထားသ လိုဖြစ်နေတယ် ဒါကြောင့် အခု သံတောင်ကြီး ဒေသက စပြီး ငြိမ်းချမ်းရေး ရတဲ့ နေရာတွေမှာ ရိုဘက်စတာ ကော်ဖီမျိုးစေ့ ကိုစိုက်ဖို စီစဉ်နေပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကော်ဖီမျိုးစေ့ စိုက်ပျိုးမှု ပိုမို တိုးတတ်လာစေရန် နှင့်ဒေသ အလိုက် ကိုက်ညီသော ကော်ဖီမျိုးသစ်များ စိုက် ပျိုးနိုင်ရန် အတွက် nestleနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ၊နိုင်ငံတကာ အဖွဲ့များနှင့်လဲ ချိတ်ဆက်ပြီး လုပ်ဆောင်နေကြောင်း သိရသည်။

ပြည်တွင်းမှ စိုက်ပျိုးသည့် ကော်ဖီများကို ရုရှား ၊အမေရိကန်နှင့် ဥရောပနိုင်ငံ များမှ မှာယူနေပြီး ပြည်တွင်း စားသုံးမှု ပမာဏလဲ တိုးတတ် များပြားလာသည့် အတွက် အော်ဂဲနစ် ကော်ဖီ စိုက်ပျိုးမှုများ ကိုပါဆောင်ရွက် သွားမည်ဟု သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*