YBS ကားများ၌ အသုံးပြုမည့် ကဒ်စနစ်သည် အတက်အဆင်း(၂)ကြိမ် ကဒ်ဖြတ် မှသာ ကျသင့်ငွေကို အတိအကျ ပေးချေနိုင်မည်ဖြစ်

YBS ကားများ၌ အသုံးပြုမည့် ကဒ်စနစ်သည် အတက်အဆင်း(၂)ကြိမ် ကဒ်ဖြတ် မှသာ ကျသင့်ငွေကို အတိအကျ ပေးချေနိုင်မည်ဖြစ်
August 16, 2017 Asian Fame

2:07 pm
YBS ကားများ၌ အသုံးပြုမည့် ကဒ်စနစ်သည် အတက်အဆင်း(၂)ကြိမ် ကဒ်ဖြတ် မှသာ ကျသင့်ငွေကို အတိအကျ ပေးချေနိုင်မည်ဖြစ်

YBS(နေပြည်တော် သြဂုတ် ၁၆)

YBS ကားများ အားလုံးတွင် ကဒ်စနစ်ဖြင့် ငွေပေးချေရန် ဆောင်ရွက်နေပြီး ခရီးသည်များ အနေဖြင့် ကားပေါ် စတက်သည့် အခါနှင့် ဆင်းသည့် အခါ (၂)ကြိမ်စလုံးတွင် ကဒ်ဖြတ်ရန် လိုပြီး ထိုမှသာ ကျသင့်ငွေကို အတိအကျ ကိုမိမိ ကဒ်ထဲမှဖြတ်ယူ သွားမည်ဟု သိရသည်။

“YBS ကားတွေကို ကဒ်စနစ်ပြောင်းတဲ့နေရာ မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်၊ တဖြေးဖြေးနဲ့တော့ စနစ်တခုကို စတင်ရမှာပါ၊ မလွယ်ဘူး ဆိုပြီး မလုပ်လို့ မရပါဘူး၊ အခုကဒ်စနစ် ကိုလဲ ခရီးသည်တွေ အသားကျဖို့ ကြိုးစား သွားမှာပါ”ဟု ရန်ကုန်တိုင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

လက်ရှိ အချိန်တွင် YBS ကားများတွင် အသုံးပြုမည့် ကဒ်စနစ် အတွက် တင်ဒါခေါ်ယူမှု များပြုလုပ်နေပြီး တင်ဒါအောင်မြင်သည့် ကုမ္မဏီနှင့် ချိတ်ဆက်ကာ အမြန်ဆုံး ပြောင်းလဲသွားရန် စီစဉ်နေသည်။

ကဒ်စနစ်တွင် အတက်အဆင်း (၂)ကြိမ်စလုံး ကဒ်ဖြတ်ရန် လိုအပ်ပြီးအတက် တစ်ကြိမ်သာဖြတ်မိပါက ခရီးစဉ်အစအဆုံး အတွက် ကျသင့်ငွေ ပမာဏ ကိုဖြတ်သွားမည် ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*