H1N1 ဖြစ်ပွားသော်လည်း နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု မြှင့်တက်ခဲ့

H1N1 ဖြစ်ပွားသော်လည်း နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု မြှင့်တက်ခဲ့
August 15, 2017 Asian Fame

3:45 pm
H1N1 ဖြစ်ပွားသော်လည်း နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု မြှင့်တက်ခဲ့

foreigner(နေပြည်တော် ၊ သြဂုတ် ၁၅)

ဇူလိုင်လကတည်း ကစလို့ မြန်မာနိုင်ငံမှာ H1N1 ဖြစ်ပွားမှု ရှိခဲ့ပေမယ့် နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုကတော့ ယခင်ဇွန်လ ထက် ကို ပိုမို များပြားခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာန ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ချင်းပြည်နယ် ကနေအစပြုလို့ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ဒေသအချို့မှာ Seasonal Influenza A(H1N1) pdm09 ရောဂါဖြစ်ပွားမှုတွေ ဆက်တိုက်ရှိလာတာ ဒီကနေ့ အထိပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဇူလိုင်လ အတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွားဦးရေ ဟာ ယခင် ဇွန်လ ထက်ကို ၂၀၀၀၀ လောက် ပိုမို များပြားခဲ့ပါတယ်။

ဇွန်လ အတွင်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူနိုင်ငံခြား ခရီးသွား ၂၄၂၅၀၀ ရှိခဲ့ပြီး ဇူလိုင်လ အတွင်း မှာတော့ ၂၆၀၄၀၀ ထိ မြှင့်တက် ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ စာရင်းတွေ အရသိခဲ့ပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရဲ့ ထုတ်ပြန်ချက် အရ ဇူလိုင်လ ၂၁ ရက်နေ့က စပြီး သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အထိ မြန်မာနိုင်ငံမှာ ပြင်းထန် အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ဆေးရုံ တက်ရောက် ကုသသူ စုစုပေါင်း လူနာ (၆၂၉) ဦး ရှိပြီး ဒီအထဲက H1N1 ပိုးတွေ့လူနာ စုစုပေါင်း (၂၃၅) ဦးရှိကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံး အနေနဲ့ ရာသီ တုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြောင့် သေဆုံးသူ စုစုပေါင်း (၂၃)ဦး ရှိပြီဖြစ် ပါတယ်။

အခုနှစ် ၂၀၁၇ ခုနှစ် နှစ်စကနေ ဇူလိုင်လ အကုန်အထိ မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွား ၀င်ရောက်ခဲ့ပြီးနှုန်း ကတော့ ၂ ဒသမ ၀၁ သန်း ဖြစ်ရာ ယခင်နှစ် ကာလတူထက် ခရီးသွား ၀င်ရောက်မှုနှုန်း တိုးတက်ခဲ့တယ်လို့ ဟိုတယ်ခရီးဝန်ကြီး ဌာနကနေ သိရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*