ယခုနှစ်အတွင်း သုံးကြိမ်မြောက် အဖြစ် ဆင်အမွှာ ထပ်မံမွေးဖွား

ယခုနှစ်အတွင်း သုံးကြိမ်မြောက် အဖြစ် ဆင်အမွှာ ထပ်မံမွေးဖွား
August 15, 2017 Asian Fame

12:22 pm
ယခုနှစ်အတွင်း သုံးကြိမ်မြောက် အဖြစ် ဆင်အမွှာ ထပ်မံမွေးဖွား
twinelephant

ယခုနှစ် ၁ လပိုင်းက ကောလင်း ဒေသတွင် အမွှာမွေးဖွားခဲ့သည့် ဆင်မကြီး အေးမြကြည် နှင့် အမွှာဆင် လင်းလင်းဦး (ဆင်အထီး) ၊ ငြိမ်းငြိမ်းဦး (ဆင်အမ) တို့ကိုတွေ့ရစဉ်

(တောင်ကြီး ၊ သြဂုတ် ၁၅)

တောင်ကြီးသစ် ထုတ်လုပ်ရေးဒေသ ၊ ပင်လောင်းနယ်ထဲက ဌာနပိုင် ဆင်တစ်ကောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ မနက်၆ နာရီမှာ ဆင်အမွှာပူး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ဌာနပိုင် ဆင်(မ/၅၁၅၂) ထူးမူယာ လို့ အမည်ခေါ်တဲ့ အဆိုပါဆင်ဟာ ပင်လောင်းနယ် တောင်ကျရွာ အတွင်းဘက် ၇ မိုင်လောက် အကွာက ငါးကြာအင်းဆင်စခန်းမှာမွေးဖွားခဲ့တာဖြစ်တယ်လို့ မြန်မာ့သစ်လုပ်ငန်းကနေသိရပါတယ်။

မွေးဖွားတာ ကတော့ အထီး တစ်ကောင်နဲ့ အမတစ်ကောင်ဖြစ်ပြီး လောလောဆယ် မိခင်ရော ဆင်ပေါက် ၂ကောင်လုံးရော ကျန်းမာရေးကောင်းမွန် တယ်လို့ သိရပါတယ်။

အခု တစ်ကြိမ် နဲ့ဆိုရင် ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ဆင်အမွှာမွေးဖွားမှု ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်အမွှာမွေးဖွားတဲ့ သမိုင်းကိုပြန်ကြည့်ရင် ၁၉၇၆ ခုနှစ်နောက်ပိုင်း ကနေ ဒီကနေ့ အထိ အခု တစ်ကြိမ် အပါအ၀င် စုစုပေါင်း ၁၁ ကြိမ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

၁၉၇၆ ခုနှစ်က မော်လိုက်(အနောက်ဒေသ)မှာ တစ်ကြိမ် ၊၁၉၈၁ ခုနှစ်က သာယာဝတီ နဲ့ မော်လိုက်(အနောက်ဒေသ) မှာ ၂ ကြိမ် ၊ ၁၉၈၂ ခုနှစ်က သရက် မှာတစ်ကြိမ် ၊ ၁၉၉၄ ခုနှစ်က ပခုက္ကူနဲ့ သာယာဝတီမှာ ၂ကြိမ် ၊ ၂၀၀၂ ခုနှစ်က ကသာ(အနောက်ခြမ်း) မှာတစ်ကြိမ် ၊ ၂၀၀၇ ခုနှစ်က ကသာ(အနောက်ခြမ်း) မှာတစ်ကြိမ် ၊ ၂၀၁၇ ခုနှစ် ၁လပိုင်းက ကောလင်းမှာ တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ် ၂ လပိုင်းက ဂန့်ဂေါမှာတစ်ကြိမ် ၊ ယခုတစ်ကြိမ် အပါအ၀င် စုစုပေါင်း ၁၁ ကြိမ်တို့ဖြစ်ပါတယ်။

Ye Lwin

Photo- ပြန်/ဆက်

ပုံစာ-ယခုနှစ် ၁ လပိုင်းက ကောလင်းဒေသတွင် အမွှာမွေးဖွားခဲ့သည့် ဆင်မကြီး အေးမြကြည် နှင့် အမွှာဆင် လင်းလင်းဦး (ဆင်အထီး) ၊ ငြိမ်းငြိမ်းဦး(ဆင်အမ) တို့ကိုတွေ့ရစဉ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*