မလေးရှား ဆီးဂိမ်းတွင် မြန်မာအသင်း ယှဉ်ပြိုင်ရမည့် အုပ်စုတွင်း ပွဲစဉ်(၂)ခုကို Live လွှင့်နိုင်တော့မည် မဟုတ်

မလေးရှား ဆီးဂိမ်းတွင် မြန်မာအသင်း ယှဉ်ပြိုင်ရမည့် အုပ်စုတွင်း ပွဲစဉ်(၂)ခုကို Live လွှင့်နိုင်တော့မည် မဟုတ်
August 15, 2017 Asian Fame

10:52 am
မလေးရှား ဆီးဂိမ်းတွင် မြန်မာအသင်း ယှဉ်ပြိုင်ရမည့် အုပ်စုတွင်း ပွဲစဉ်(၂)ခုကို Live လွှင့်နိုင်တော့မည် မဟုတ်

football(နေပြည်တော်၊ သြဂုတ် ၁၅)

မြန်မာယူ(၂၂)အသင်း သြဂုတ်လ (၁၆)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် ယှဉ်ပြိုင် ကစားရမည့် လာအို၊ဘရူနိုင်း အသင်း တို့နှင့် ပွဲစဉ် များကို ကွင်း အခြေအနေအရ တိုက်ရိုက် Live ထုတ်လွှင့်နိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှသိရသည်။

“မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် ပွဲတိုင်းအတွက် MFF ကLive လွှင့်ပေးနိုင်ဖို့တော့ ကြိုးစားညှိနှိုင်း ခဲ့ပါတယ်၊ သူတို့ ဆီးဂိမ်း ကျင်းပရေးကော်မတီ ထုတ်ပြန်ချက် အရတော့ မြန်မာအသင်း ရဲ့အုပ်စုပွဲ(၂)ပွဲကို live မပြနိုင်တော့ဘူး မလေးရှား နဲ့ဆုံတွေ့မယ့် အုပ်စုနောက်ဆုံးပွဲ ကိုတော့ ပြနိုင်မှာပါ”ဟု MFF မှတာဝန်ရှိသူ တစ်ဦးကဆိုသည်။

မြန်မာ အသင်းသည် စင်ကာပူ အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ထပ်မံ ယှဉ်ပြိုင်ရမည့် အုပ်စုတွင်းပွဲစဉ် များကို အိမ်ရှင်နိုင်ငံက ထုတ်လွှင့်ခြင်း မရှိတာကြောင့် မြန်မာဘောလုံးချစ် ပရိတ်သတ်များ အတွက် မချင့်မရဲဖြစ်စေခဲ့သည်။ မလေးရှား နိုင်ငံ ဆီးဂိမ်း ကျင်းပရေး တာဝန်ရှိ သူများမှ မြန်မာ အသင်း ယှဉ်ပြိုင်ရမည့် အုပ်စုပွဲစဉ်(၂)ခုကို ကွင်းအခြေအနေ အရ ရိုက်ကူး ထုတ်လွှင့်ခြင်း မပြုနိုင်ကြောင်း ကြေငြာ ခဲ့ခြင်းဖြစ်သည်။

အောင်ပြည့်စုံ
ဓါတ်ပုံ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*