ဘူးသီးတောင်မြို့နယ် လှိုဏ်ဂူငယ်အနီး စိတ်ကြွဆေးပြား ၅သိန်းနီးပါး သိမ်းဆည်းရမိ

ဘူးသီးတောင်မြို့နယ် လှိုဏ်ဂူငယ်အနီး စိတ်ကြွဆေးပြား ၅သိန်းနီးပါး သိမ်းဆည်းရမိ
August 15, 2017 Fame Asian

4:33 pm
ဘူးသီးတောင်မြို့နယ် လှိုဏ်ဂူငယ်အနီး စိတ်ကြွဆေးပြား ၅သိန်းနီးပါး သိမ်းဆည်းရမိ

20799857_1944136779173226_442231013604388680_n

ဘူးသီးတောင် ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်အတွင်းက လှိုဏ်ဂူငယ် အနီးနားမှာ WY စိတ်ကြွဆေးပြား ၄သိန်း ၇သောင်းကျော် သိမ်းဆည်းရမိမှု သြဂုတ်လ ၁၄ ရက်နေ့ည ကဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

“တွေ့တာဟုတ်ပါတယ်။ အဲ့ဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့အပိုင်ထဲမှာရှိတာ။ အသေးစိတ်ကိုတော့ မသိရသေးဘူး။သိရသလောက်တော့ တရားခံကိုမမိဘူးပြောတယ်။ ခုနောက်ဆုံးအခြေအနေတော့မသိပါဘူး” လို့ဘူးသီးတောင်မြို့နယ်ကရဲအရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သြဂုတ်လ ၁၄ ရက် ည ၈ နာရီလောက်က အဆိုပါ မူးယစ်ဆေးဝါးများကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပြီး သိမ်းဆည်းရမိစဉ် တရားခံတစ်စုံတစ်ဦးမှ မတွေ့ရှိဘူးလို့သိရပါတယ်။

Ye lwin

Photo- Zaw Naing Oo

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*