မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူးလို့ ကမ္ဘာသိအောင် အစိုးရက ကြေညာပေးဖို့ နိုင်ငံရေးပါတီ ၂၀ က တောင်းဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူးလို့ ကမ္ဘာသိအောင် အစိုးရက ကြေညာပေးဖို့ နိုင်ငံရေးပါတီ ၂၀ က တောင်းဆို
August 14, 2017 Fame Asian

5:18 pm
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူးလို့ ကမ္ဘာသိအောင် အစိုးရက ကြေညာပေးဖို့ နိုင်ငံရေးပါတီ ၂၀ က တောင်းဆို

20770060_1519837724726854_9013045101027349094_n

ရန်ကုန် ၊ သြဂုတ် ၁၄

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူးလို့ ကမ္ဘာသိအောင် အစိုးရက ကြေညာပေးဖို့ နိုင်ငံရေးပါတီ ၂၀ က တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနဲ့  အခြားပါတီ ၁၉ ခုတို့ ဟာ ရန်ကုန်မြို့ ၊ရွှေလီလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သတ်တဲ့ အစည်းအဝေးတစ်ရပ်ကို ဒီကနေ့ သြဂုတ်လ ၁၄ နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။အဲဒီအစည်းအဝေးအပြီးမှာတော့ တောင်းဆိုချက် ၄ ချက်ကို ပါတီ ၂၀ က သဘောတူလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးတော့ သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့ပါတ
တယ်။

”အခု လွှတ်တော်ဘက်ကသာ အကြမ်းဖက်အဖွဲ့ မရှိဘူး မရှိဘူးပြောနေတာ။ အခုသမ္မတရုံးမှာ အကြမ်းဖက်သမား အကြမ်းဖက်အဖွဲ့ ဆိုတာသုံးလာပြီ။ သုံးပြီးတော့တကယ်ရှိလာတဲ့အချိန်မျိုးမှာ ဒီလူတွေရဲ့ လုပ်ရပ် ဒီအဖွဲ့ အစည်းတွေရဲ့လုပ်ရပ်ဟာ သာမန်မဟုတ်ဘူး။ လောလောဆယ် ရခိုင်ပြည်မှာရှိတဲ့လူတွေကို ဒေသကမောင်းထုတ်ရုံတင်မကဘူး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ လည်းချိတ်
ဆက်နေပြီ အဲဒီတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဆောင်ရွက်ရမယ်။အဲဒါမှ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို ကာကွယ်ပေးနိုင်မယ်။ဒီအကြမ်းဖက်မှုနဲ့ ဆက်သွယ်နေတဲ့ ငွေရေးကြေးရေး ဘာညာတွေရဲ့ ပေးနေတဲ့ပြည်တွင်းပြည်ပ အားလုံးနဲ့ ပတ်သတ်တာတွေကို နှိမ်နင်းနိုင်ဖို့ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ မှရမယ်။ဥပဒေရှိရဲ့သားနဲ့ မသုံးတာ ဘာကြောင့်လဲဆိုတာဒီနေ့ မေးခွန်းထုတ်ရလိ့မ်မယ်” လို့ ပါဝင်သဘောတူခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ဥက္ကဌ ဦးသိန်းညွှန့်ကပြောပါတယ်။

အဲဒီအချက်အပြင် ရခိုင်ပြည်နယ်မှာ လတ်တလောလိုအပ်နေတဲ့ ဒေသလုံခြုံရေးစနစ်ကို ထိရောက်အောင်အမြန်ဆုံးဆောင်ရွက်ပေးဖို့ ၊ မြေပြင်မှာလုပ်ငန်ဆောင်ရွက်နေရတဲ့ တပ်မတော်၊ ရဲဝန်ထမ်းများကို ဥပဒေအရ အကာအကွယ်အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ၊ အကြမ်းဖက်ကျူးလွန်ခဲ့သူများနဲ့ အဖွဲ့ အစည်းများကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အညီထိရောက်စွာအရေးယူပေးဖို့ ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*