လူကယ်ပြန်၏ ကယ်ဆယ်ရေး စခန်း ၂ ခုတွင် တနိုင်းဒေသ စစ်ဘေးရှောင် ၇၀၀ကျော်ရှိ

လူကယ်ပြန်၏ ကယ်ဆယ်ရေး စခန်း ၂ ခုတွင် တနိုင်းဒေသ စစ်ဘေးရှောင် ၇၀၀ကျော်ရှိ
August 14, 2017 Asian Fame

4:45 pm
လူကယ်ပြန်၏ ကယ်ဆယ်ရေး စခန်း ၂ ခုတွင် တနိုင်းဒေသ စစ်ဘေးရှောင် ၇၀၀ကျော်ရှိ

20840681_1519811231396170_7803642549496104993_n(ရန်ကုန်၊ သြဂုတ် ၁၄)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေး စခန်းနှစ်ခု သို့ လာရောက် တိမ်းရှောင်သူ စစ်ရှောင်ပြည် သူ ၇၄၆ဦး ရှိပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းကျော်ဌေး ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းမှ စတင်၍ တနိုင်းဒေသအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဆက်တိုက် ဆိုသလိုဖြစ် ပွားခဲ့ရာ ဒေသခံ ပြည်သူများနှင့် ရွှေ/ပယင်းတူးဖော်သူ ရွှေ့ပြောင်းလုပ်သားများသည် ပတ်ဝန်းကျင်ဒေသများသို့ ထွက်ပြေး တိမ်းရှောင် လျက်ရှိသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ”ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းသိန်း ဦးဆောင်ပြီး လုပ်တာပါ ။မြန်မာ့ တပ်မတော်နဲ့ KIA စစ်ဖြစ်ပွားနေတဲ့ အတွက် စစ်ရှောင်ပြည်သူတွေ ကို စားနပ် ရိက္ခာ ထောက်ပံ့ပြီး နေ စရာပေးထားတာပါ”ဟု ဦးသန်းကျော်ဌေးကပြောသည်။

ကယ်ဆယ်ရေး စခန်းများကို ကချင်ပြည်နယ် ၊မိုးကောင်းမြို့ လမ်းခွကျေးရွာရှိ နှစ်ချင်း ဘုရားကျောင်းနှင့် စိန်ပေါလု ဘုရားကျောင်း တို့တွင် သြဂုတ်လ ၁၁ရက်နေ့မှ စတင် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ရှောင် အိမ်ထောင်စု ၁၆၆စုအား လက်ခံထားပြီး ကယ်ဆယ်ရေး ပစ္စည်း ၁၇မျိုးနှင့် ဆန်ရိက္ခာများ ထောက်ပံ့ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းကျော်ဌေးကပြောသည်။

သတင်း – သီဟ

ဓာတ်ပုံ – Relief and Resettlement Department – Myanmar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*