Border Pass သက်တမ်းကုန် /အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာလုပ်သား ၂၀ကို ထိုင်းမှပြန်လည်လွှဲပြောင်းပေး

Border Pass သက်တမ်းကုန် /အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာလုပ်သား ၂၀ကို ထိုင်းမှပြန်လည်လွှဲပြောင်းပေး
August 11, 2017 Fame Asian

6:05 pm
Border Pass သက်တမ်းကုန် /အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာလုပ်သား ၂၀ကို ထိုင်းမှပြန်လည်လွှဲပြောင်းပေး

Tarchilake(တာချီလိတ် ၊ သြဂုတ် ၁၁)

Border Pass သက်တမ်း ကုန်ဆုံးမှု ၊ အထောက်အထား မရှိဘဲ နေထိုင်မှု တွေကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ အဖမ်းဆီးခံ ခဲ့ရတဲ့ မြန် မာရွှေ့ပြောင်း လုပ်သား ၂၀ ဟာ ဒီကနေ့ ပဲ မြန်မာနိုင်ငံထဲ ပြန်ရောက် လာခဲ့ပြီလို့ တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက သိရပါတယ်။

ဒီကနေ့ မွန်းလွဲ ၁၂ ခွဲက တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားကနေ ပြန်ရောက် လာတာဖြစ်ပါတယ်။ အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီး (၉)ဦး စုစုပေါင်း (၂၀)ဦးကို ထိုင်းဘက်က ပြန်လည်လွှဲပြောင်း ပေးအပ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။သူတို့ကို မြန်မာနိုင်ငံဖက် က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား များ ကူညီစောင့်ရှောက်ရေး နဲ့ စေ့စပ် ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီ တို့က လက်ခံကြိုဆိုပြီး ၎င်းတို့ရဲ့ မူလနေရပ်ဒေသ များသို့ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့တယ် လို့တာချိလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနက နေသိရပါတယ်။

အခုနှစ် နှစ်စကနေ ဒီကနေ့အထိ အလားတူဖြစ်စဉ်တွေကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံနေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တရားမ၀င်မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာဆိုရင် စုစုပေါင်း ၉၈၄ ဦးရှိပြီလို့ သိရပါတယ်။

YL

Photo-တာချီလိတ်ခရိုင်ထွေအုပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*