မြန်မာ – ထိုင်းနယ်စပ် မြို့သုံးခုတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ထပ်မံဖွင့်လှစ်မည်

မြန်မာ – ထိုင်းနယ်စပ် မြို့သုံးခုတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ထပ်မံဖွင့်လှစ်မည်
August 11, 2017 Fame Asian

6:25 pm
မြန်မာ – ထိုင်းနယ်စပ် မြို့သုံးခုတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ထပ်မံဖွင့်လှစ်မည်

နေပြည်တော် ၊ သြဂုတ် ၁၁

မြန်မာ – ထိုင်း နယ်စပ် မြို့သုံးခုဖြစ်တဲ့ တာချီလိတ် ၊ မြ၀တီ ၊ ကော့သောင်း မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွေထပ်မံဖွင့်လှစ်သွားမယ်လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနကနေသိရပါတယ်။ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းလုပ်ဆောင်ရာမှာ ပိုမို လွယ်ကူစေဖို့ဖြစ်တယ်လို့လည်းသိရပါတယ်။

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာနက အကြီးတန်း အရာရှိကြီးတစ်ဦးက……….

“ဟုတ်ပါတယ် ။ ဖွင့်မှာပါ ။ အဲ့ဒါက သတင်းရဲတပ်ဖွဲ့က ဆောင်ရွက်တာပါ။ ၀န်ကြီးဌာနကိုအကြောင်းကြားထားပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။လက်ရှိမှာရုံးတွေဖွင့်လှစ်နိင်ရန်အတွက်စီစဉ်နေပြီဖြစ်ကြောင်းလည်းသိရပါတယ်။လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း၌ ကျိုင်းတုံတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဖွင့်လှစ်ထားပြီး ယခု တာချီလိတ်တွင် ထပ်မံဖွင့်လှစ်ပါက ၂ ရုံးဖြစ်ရှိလာတော့မည်ဖြစ်သည်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*