အစိုးရဘက် က တာဝန်မကျေ အမြင် မကျယ်ပါက ပြည်သူတွေဘက် က တာဝန်ကျေ အမြင်ကျယ် မည်မဟုတ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

အစိုးရဘက် က တာဝန်မကျေ အမြင် မကျယ်ပါက ပြည်သူတွေဘက် က တာဝန်ကျေ အမြင်ကျယ် မည်မဟုတ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား
August 11, 2017 Asian Fame

12:26 pm
အစိုးရဘက် က တာဝန်မကျေ အမြင် မကျယ်ပါက ပြည်သူတွေဘက် က တာဝန်ကျေ အမြင်ကျယ် မည်မဟုတ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

MDT-Forum(နေပြည်တော် သြဂုတ် ၁၁)

မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲ မိန့်ခွန်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရ အဖွဲ့ဝင်တွေ ကိုပြောရမယ် ဆိုရင် ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ကျေပြွန်ရဲ့လား ကိုယ့်တာဝန်တွေကျေပြွန် တဲ့နေရာ မှာလဲ အမြင် ကျယ်ကျယ် နဲ့ကျေပြွန်ရဲ့လား၊ ငါ့ဌာနအောင်မြင်ရင် ပြီးရော ငါ့အလုပ်လုပ်လို့ ရရင်ပြီးရော ကျန်တဲ့သူတွေ ဘယ်လိုဖြစ်ဖြစ် ဆိုတဲ့စိတ်ဓါတ်တွေနဲ့ ကျမတို့ လုပ်လို့မဖြစ်ပါဘူး”ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ဆက်လက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်က ငါသာမှန်တယ် ၊ငါကသာ သိတယ်၊ ငါကသာတတ်တယ် ဆိုတဲ့စိတ်တွေ ရှိတဲ့ပုဂ္ဂိုလ် များဟာ အမြင်ကျဉ်းသူတွေ ဖြစ်ကြပြီး အခြားသူများရဲ့ ခံစားချက်ဆန္ဒ စိုးရိမ်မှုနဲ့ မျှော်လင့်ချက်တွေကို နားလည်ကြမည် မဟုတ်ဘဲနိုင်ငံ ညီညွှတ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးကို ထိထိရောက်ရောက် လုပ်ပေးနိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

20638519_1516632755047351_8684341316890610006_nတစ်သွေး တစ်သံ တစ်မိန့်သည် ဒီမိုကရေစီ မဟုတ်ကြောင်းနှင့် တစ်သွေးထဲ တစ်သားထဲ ဖြစ်ဖို့ ဆိုတာ ကောင်းပါတယ်၊ တစ်သံထဲ ထွက်ဖို့တော့ မလိုပါဘူး။ ဒီလိုပါဘဲ တစ်မိန့် ဆိုတာလဲ လုံးဝ မသင့်လျော်ပါဘူး၊ တစ်သွေးထဲ တစ်သားထဲ ကနေ ထွက်လာတဲ့ အသံ အမျိုးမျိုး ကို ညှိနိုင်မှသာ ဒီမိုကရေစီ ဖြစ်ပါတယ်။ အမိန့်အရ မဟုတ်ဘဲ အများစု သဘော တူညီချက် နဲ့အဖြေ တစ်ခု ကို ဖော် ထုတ် အကောင် အထည် ဖော်ခြင်းကသာ ဒီမိုကရေစီရဲ့ ရိုးရိုးလေး လမ်းစဉ် ဖြစ်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

၎င်း မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ကို နေပြည်တော် MICC(2) တွင်ယနေ့မှစ၍ (၁၃) ရက်နေ့ အထိ(၃)ရက် ကြာကျင်းပ သွားမည်ဖြစ် ပြီး နိုင်ငံ တကာ မှနိုင်ငံရေး သုတေသီများ အပါအဝင်ပြည်တွင်းရှိ နယ်ပယ် အသီးသီးမှ ပညာရှင်လေ့လာ သူများ တတ်ရောက် ဆွေးနွေး ကြမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*