ထိုင်းရှိ အထောက်အထားမဲ့ မြန်မာ လုပ်သားတွေ အတွက် CI စခန်း ၃ ခု ထပ်တိုး ဖွင့်လှစ်

ထိုင်းရှိ အထောက်အထားမဲ့ မြန်မာ လုပ်သားတွေ အတွက် CI စခန်း ၃ ခု ထပ်တိုး ဖွင့်လှစ်
August 11, 2017 Asian Fame

5:27 pm
ထိုင်းရှိ အထောက်အထားမဲ့ မြန်မာ လုပ်သားတွေ အတွက် CI စခန်း ၃ ခု ထပ်တိုး ဖွင့်လှစ်

CI

(ရန်ကုန်၊ သြဂုတ် ၁၁)

ထိုင်းကို တရားမ၀င် သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သားတွေအတွက် CI စာအုပ် ထုတ်ပေးရေးစခန်း ၃ ခုကို ထပ်တိုး ဖွင့်လှစ် လိုက်ပါတယ်။

အသစ်ထပ်ဖွင့်တဲ့ ၃ ခုကတော့ ချင်းမိုင် ၊ နခေါ်စဝမ် ၊ ဟတ်ယိုင် မြို့များမှာဖြစ်ပါတယ်။ထိုင်းမှာရှိတဲ့ တရားမ၀င် လုပ်သား (မြန်မာအပါအ၀င်) တွေကို ဖမ်းဆီး အရေးယူဖို့ကြေညာထားပြီး အခု သတ်မှတ်ပေးထာတဲ့ ယာယီ ဆိုင်းငံ့ ကာလ ရက်ပေါင်း ၁၈၀ အတွင်း မှာ မြန်မာလုပ်သားတွေအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ပြု လုပ်တာတွေ ပြီးစီးနိုင်ဖို့ စခန်း ၃ ခု တိုးချဲ့ဖွင့်လှစ် လိုက်တာဖြစ်တယ်လို့ ထိုင်း အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် MWRN ကနေသိရပါတယ်။

မူလက ထိုင်းမှာ မြန်မာ လုပ်သားတွေကို CI စာအုပ်ထုတ်ပေးတဲ့ စခန်းဟာ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်တို့ မှာ စခန်း တစ်ခုစီ နဲ့ မဟာချိုင်မှာ စခန်းနှစ်ခု စုစုပေါင်း စခန်းခြောက်ခု ပဲရှိပါတယ်။ထိုင်းအစိုးရက သူ့နိုင်ငံမှာရှိတဲ့ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူဖို့ ဥပဒေ တစ်ရပ်ကို မကြာသေးခင်က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုပြုပြီး မြန်မာအစိုးရဘက် က ထိုင်းဘက်ကို အချိန်ကာလတစ်ခုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအတွက် ထိုင်းအစိုးရက ဥပဒေအာဏာတည်နေ့ကို နောက်ထပ် ရက်ပေါင်း ၁၈၀ တိတိ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီကာလပြီးဆုံး ရင်တော့ တရားမ၀င်ရောက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ကို ဥပဒေအတိုင်း အရေးယူတော့မှာဖြစ်ပါတယ်။ဒီဥပဒေဟာ အရင် ဥပဒေတွေထက် ပြစ်ဒဏ် ပိုမိုကြီးလေးပါတယ်။ ဒဏ်ရိုက်ထားတဲ့ ပမာဏဟာ ဆိုရင်လည်း များပြားပါတယ်။ ဒ့ါအပြင် အထောက်အထားမဲ့ အလုပ်သမားကို လက်ခံထားတဲ့ အလုပ်ရှင် ကိုလည်း ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်မယ့် ဥပဒေဖြစ်ပါတယ်။ဒီအတွက် ဥပဒေကို ထိုင်းအစိုးရကကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ အထောက် အထားမဲ့မြန်မာ လုပ်သားတွေ နေ ရပ်ပြန်မှု များစွာ ရှိခဲ့ပါတယ်။

ရဲလွင်

Photo-KTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*