Mask များဈေးတင်ရောင်းချမှု ၊ ပစ္စည်းပြတ်လပ်‌မှု မရှိ‌စေရန်‌‌ဆောင်‌ရွက်‌‌ပေး‌နေ‌ဟုဆို

Mask များဈေးတင်ရောင်းချမှု ၊ ပစ္စည်းပြတ်လပ်‌မှု မရှိ‌စေရန်‌‌ဆောင်‌ရွက်‌‌ပေး‌နေ‌ဟုဆို
August 9, 2017 Fame Asian

4:32 pm
Mask များဈေးတင်ရောင်းချမှု ၊ ပစ္စည်းပြတ်လပ်‌မှု မရှိ‌စေရန်‌‌ဆောင်‌ရွက်‌‌ပေး‌နေ‌ဟုဆို

mask(ရန်‌ကုန်‌၊သြဂုတ်‌ ၉)

H1N1 ကာကွယ်‌ရာတွင် ‌ အသုံးပြုရမည့်‌ Maskများ ‌ဈေးနှုန်း‌ဖောင်းပွမှု မဖြစ်‌‌စေရန်‌နှင့်‌ ပစ္စည်းပြတ်လပ်မှု မရှိ‌စေရန်‌‌ဆောင်‌ ရွက်‌‌ပေး‌နေ‌ကြောင်း ‌မြန်‌မာနိုင်‌ငံ‌ဆေးနှင့်‌‌ ဆေးပစ္စည်း ကုန်‌သည်‌များနှင့်‌ လုပ်‌ငန်းရှင်‌များ အသင်း ဥက္ကဌ ‌ဒေါက်‌တာ ဝင်းစည်‌သူ က‌ပြော သည်‌။

မြန်‌မာနိုင်‌ငံ‌ ဆေးနှင့်‌‌ဆေး ပစ္စည်း ကုန်‌သည်‌များနှင့်‌ လုပ်‌ငန်းရှင်‌များအသင်းနှင့်‌ အ‌ကောက်‌ခွန်‌ဦးစီး ဌာနဖြင့်‌ ပူး‌ပေါင်းကာ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့ ကုန်သည်စက်မှု အသင်းချုပ် UMFCCI ၌ပြုလုပ်သော မြန်‌မာနိုင်‌ငံ‌ ဆေးနှင့်‌‌ဆေးပစ္စည်း ကုန်‌သည်‌များနှင့်‌ လုပ်‌ငန်းရှင်‌များ အသင်း ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“H1N1‌ရောဂါ စဖြစ်‌ပြီလို့ ကြား‌တော့ လူ‌တွေ‌တော်‌‌တော်‌များများ Mask‌တွေ ဝယ်‌ကျတယ်‌။ ဆရာတို့အသင်း အ‌နေနဲ့ ‌ဆေးဆိုင်‌‌တွေကို သတ်‌မှတ်‌နှုန်း ပဲ‌ရောင်း‌ပေး‌အောင်‌ ထိန်းချုပ်‌ထားတယ်‌။ ပစ္စည်းပြတ်‌လပ်မှု‌တွေ မဖြစ်‌‌အောင်‌ အ‌ကောက်‌ခွန်‌ ဌာနနဲ့ ပူး‌ပေါင်းပြီး နယ်‌စပ်‌ ဂိတ်‌က‌နေ လွယ်‌လွယ်‌ကူကူ တင်‌သွင်းနိုင်အောင်‌ လုပ်‌‌ပေးထားတာပါ “ဟု ‌ဒေါက်‌တာ ဝင်းစည်‌သူက‌ပြောသည်‌။

ယခုကဲ့သို့ လုပ်‌‌ဆောင်‌ခြင်းသည်‌ ဇူလိုင်‌လ ၂၈ ရက်‌‌နေ့မှ စတင်‌ လုပ်‌‌ဆောင်‌ခြင်းဖြစ်‌ပြီး ‌ပြည်‌သူလူထု အ‌နေဖြင့်‌ သင့်‌ တင့်‌‌သော‌ဈေးနှုန်းဖြင့်‌ ပစ္စည်းမှန်‌သုံးစွဲနိုင်‌‌စေရန်‌ဖြစ်‌သည်‌ဟု ၎င်းက‌ပြောသည်‌။

သို့သော် Mask များကို ၀ယ်ယူရာတွင် ဈေးနှုန်းကြီးမြှင့်စွာပေးဝယ်နေကြရသည်ဟူသောသတင်းများ လူမှုကွန်ရက်များတွင် တွင်ကျယ်စွာ ထွက်ပေါ်လာခဲ့ဖူးသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*