(၃)လကျော်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ မှာဘဏ္ဍာနှစ်တစ်ခုလုံး အတွက်လျာထားချက်၏ ထက်ဝက်ကိုကျော်လွန်

(၃)လကျော်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ မှာဘဏ္ဍာနှစ်တစ်ခုလုံး အတွက်လျာထားချက်၏ ထက်ဝက်ကိုကျော်လွန်
August 8, 2017 Fame Asian

11:03 am
(၃)လကျော်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ မှာဘဏ္ဍာနှစ်တစ်ခုလုံး အတွက်လျာထားချက်၏ ထက်ဝက်ကိုကျော်လွန်

yangon

နေပြည်တော် သြဂုတ် ၈

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစ (၃)လအတွင်း ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှာ သုံးဘီလီယံကျော်အထိရှိလာပြီး ဘဏ္ဍာနှစ်တစ်နှစ်လုံးစာလျာထားချက်(ခြောက်ဘီလီယံ)၏ထက်ဝက်ကိုကျော်လွန်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှသြဂုတ်လ(၇)ရက်နေ့တွင်အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ(၆၇.၁၉၂)သန်းကျော်နှင့်မြန်မာကျပ်ငွေ(၄၀၉၃၄၈.၄၇)သန်းကျော်ဖိုးခွင့်ပြုခဲ့သည်။ယခုအစည်းအဝေးမှ ရင်းနှီးမြုပ်နှံမှု ခွင့်ပြုမိန့်(၇)ခုနှင့်အတည်ပြုမိန့်(၁၇)ခုကို ခွင့်ပြုပေးခဲ့သည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၉၃)ခုကိုခွင့်ပြုထားခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၇၆၈.၅၂၅)သန်းနှင့်ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်အမေရိကန်ဒေါ်လာ(၂၉၈၉.၈၁၃)သန်းအထိပြည်တွင်းကိုစီးဝင်လာခဲ့ခြင်းဖြစ်သည်။ယခု အစည်းအဝေးတွင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ(၆၇)သန်းကျော်ဖိုးထပ်မံခွင့်ပြုခဲ့သည့်အတွက် စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏမှာ သုံးဘီလီယံကျော်သွားခြင်းဖြစ်သည်။

ပြည်တွင်းရင်းနှီးမြုပ်နှံမှုလုပ်ငန်းများတိုးတတ်စေရန်လည်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင်ရင်းနှီးမြုပ်နှံမှုကော်မရှင်များဖွဲ့စည်းခွင့်ပြုပေးသွားရန်စီစဉ်နေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*