ဆရာအဖြစ်ခန့်ထားရန် ကျန်နေသေးတဲ့ ဆရာ အတတ်ပညာ သင်တန်းပြီးဆုံးထားသူ ၄၇၀ ဦးကို နောက်လဆန်းနောက်ဆုံးထား ခန့် မယ်

ဆရာအဖြစ်ခန့်ထားရန် ကျန်နေသေးတဲ့ ဆရာ အတတ်ပညာ သင်တန်းပြီးဆုံးထားသူ ၄၇၀ ဦးကို နောက်လဆန်းနောက်ဆုံးထား ခန့် မယ်
August 7, 2017 Fame Asian

4:44 pm
ဆရာအဖြစ်ခန့်ထားရန် ကျန်နေသေးတဲ့ ဆရာ အတတ်ပညာ သင်တန်းပြီးဆုံးထားသူ ၄၇၀ ဦးကို နောက်လဆန်းနောက်ဆုံးထား ခန့် မယ်

DrAgAgMin(ရန်ကုန် ၊ သြဂုတ် ၇)

ဆရာအဖြစ် ခန့်ထားရန် ကျန်နေသေးတဲ့ ဆရာ အတတ်ပညာ သင်တန်းပြီးဆုံးထားသူ ၄၇၀ ဦးကို နောက်လဆန်းနောက်ဆုံးထား ခန့် ထားပေး သွားမှာဖြစ်တယ် လို့ ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း ကပြောပါတယ်။

” ကျန်နေတာက အဲဒီပေါင်းကူး တစ်သုတ် ၄၇၀ ပဲကျန်တယ်။ အခုလုပ်နေတယ်။ အခြေခံပညာ ဘက်က တစ်ပတ်၊ အစိုးရ အဖွဲ့ သဘော တူဖို့ က တစ်ပတ်၊ အဲဒါ ကိုပညာရေး ၀န်ကြီးဌာနဘက် ကို ပြန်ပို့ သဘောတူဖို့ က တစ်ပတ်။ သုံးပတ်လောက် ဆိုတော့ ဒီလကုန် ဒါမှမဟုတ် နောက်လဆန်းပေါ့ ထပ်ခန့် ပါမယ်။ မူလတန်း နဲ့ အလယ်တန်းတွေက တစ်ယောက်မှမကျန်တော့ဘူး အားလုံး ခန့် ပြီးသွားပြီ” လို့ သူကပြောပါတယ်။

ပညာရေးဝန်ကြီး ဌာနဘက်က တာဝန် ရှိသူများနဲ့ မနေ့ က ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်က ကျောင်းသား သမဂ္ဂနဲ့  အတန်း ကိုယ်စားလှယ်များဟာ သြဂုတ်လ ၇ ရက်နေ့ (ယနေ့ ) နံနက်ပိုင်းက တွေ့ ဆုံဆွေးနွေး ခဲ့ကြပါတယ် ။ဆွေးနွေးပွဲ အပြီးမှာ ဒေါက်တာအောင်အောင်မင်းက သတင်းထောက်များကို ပြောကြားခဲ့တာပါ။

ဆရာအတက်ပညာ သင်တန်းပြီးဆုံးထားသူများရဲ့ ရာထူးခန့် ထားမှုနဲ့ ပတ်သတ်ပြီးကြန့် ကြာမှုတွေ ရှိနေတယ် ဆိုပြီး စစ်ကိုင်း ပညာရေး တက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ် တို့ က ကျောင်းသားများက ပညာရေး ၀န်ကြီးဌာနကို မနေ့ က ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကနေ့ တွေ့ ဆုံမှု အပြီးမှာတော့ ၀န်ကြီးဌာန ဘက်က အချက် ၅ချက်ကို ၂ ဖက် သဘော တူညီမှု ရရှိခဲ့လို့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နား လိုက်ပြီလို့ လည်း ပညာရေး တက္ကသိုလ်ကျောင်းသား များက ဒီကနေ့ မွန်းလွဲပိုင်း က ထုတ်ပြန်ပါတယ်။

ကျောင်းအဆင့်တိုး၊ အပြောင်းအရွေ့ ၊ရာထူးတိုး စတဲ့ လုပ်ငန်းများပြီးမှသာ လစ်လပ်သွားသောနေရာများမှာ သင်တန်းဆင်း ဆရာဆရာ များကို ခန့် အပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*