နေပြည်တော်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်လူသေဆုံးမှု ယခင်နှစ်ထက်ပိုများလာ

နေပြည်တော်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်လူသေဆုံးမှု ယခင်နှစ်ထက်ပိုများလာ
August 5, 2017 Asian Fame

3:38 pm
နေပြည်တော်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်လူသေဆုံးမှု ယခင်နှစ်ထက်ပိုများလာ

20663992_1803537323240575_8297591266185802708_n

နေပြည်တော် သြဂုတ် ၅

နေပြည်တော်တွင် ဇူလှိုင်လကုန်အထိ(၇)လအတွင်း ဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆမှု များကိုယခင်နှစ်ကာလတူနှင့်နှိုင်းယဉ် ပါက ပိုမိုဖြစ်ပွားနေပြီးလူသေဆုံးသူအရေအတွက်လဲပိုမိုများပြားလာကြောင်းတွေ့ရှိရသည်။

“တပ်ဖွဲ့မှာရှိတဲ့အင်အားနဲ့ ဆိုင်ကယ်တွေကားတွေကို လူလိုင်စင်ယာဉ်လိုင်စင်စစ်ဆေးတာတွေ၊ဦးထုပ်မဆောင်း၊ခါးပတ်မပတ်တာတွေကိုလဲစစ်ဆေးအရေးယူနေပါတယ်၊ပြည်သူလူထုအနေနဲ့လဲ စည်းကမ်းတကျစီးနင်းကြဖို့လိုပါတယ်၊မဟုတ်ရင်တော့ ယာဉ်မတော်တဆမှုတွေက ဖြစ်ပွားနေမှာပါဘဲ”ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှ အရာရှိတစ်ဦးကဆိုသည်။

နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံး၏ အချက်အလက်များအရ ယခုနှစ်(၇)လအတွင်း ယာဉ်မတော်တဆမှုစုစုပေါင်း(၂၇၃)မှုဖြစ်ပွားခဲ့ပြီးလူ(၁၄၅)ဦးအထိသေဆုံးခဲ့ကြသည်။ယခင်နှစ်ကာလတူအတွင်း ယာဉ်မတော်တဆမှု(၂၄၅)မှုဖြစ်ပွားခဲ့ပြီး(၁၂၉)ဦးသေဆုံးခဲ့သည်။

ယခုနှစ်(၇)လအတွင်း နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု အခြေအနေများကို အောက်ပါဂရပ်များအတိုင်း သိနိုင်ပါသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*