အစိုးရ နဲ့ လွှတ်တော်ဟာ မျှော်လင့်တဲ့ အတိုင်းဖြစ်မလာခဲ့ဘူးလို့ ဦးကျော်မင်းဆွေပြော

အစိုးရ နဲ့ လွှတ်တော်ဟာ မျှော်လင့်တဲ့ အတိုင်းဖြစ်မလာခဲ့ဘူးလို့ ဦးကျော်မင်းဆွေပြော
August 4, 2017 Fame Asian

1:27 pm
အစိုးရ နဲ့ လွှတ်တော်ဟာ မျှော်လင့်တဲ့ အတိုင်းဖြစ်မလာခဲ့ဘူးလို့ ဦးကျော်မင်းဆွေပြော

20525843_1556180944440639_4390658113122837528_n
ရန်ကုန်၊ သြဂုတ် ၎

အစိုးရနဲ့ လွှတ်တော်ဟာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာခဲ့ဘူးလို့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အာမခံရအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကိုပြောပါတယ်။

” ဒီမိုကရေစီလို့နာမည်ခံထားတဲ့အရပ်သားအစိုးရ ရောက်တဲ့အခါ သတင်းသမားတွေအပေါ်မှာရော အခြားသူတွေအပေါ်မှာပါ သတင်းမီဒီယာဥပဒေ သို့မဟုတ် ဒီထက်ပျော့ပြောင်းတဲ့ဥပဒေမဟုတ်ဘဲနဲ့ တစ်ခါတည်းထောင်ထဲတန်းထည့်လို့ရတဲ့ပုဒ်မဆိုးတွေနဲ့စွဲနေတာတွေဟာ မဆီလျော်ဘူးလို့ခံစားရတယ်။ အထူးသဖြင့် ဒီနေ့လိုကာလမျိုးပေါ့။ ကျွန်တော်တို့အများကြီးမျှော်လင့်ထားတယ်အစိုးရရော လွှတ်တော်ရော။ သို့သော်မျှော်လင့်ထားတဲ့အတိုင်းမဖြစ်ဘူး” လို့ ဦးကျော်မင်းဆွေကဆက်ပြောပါတယ်။

20620960_1556180777773989_7202303568001764133_n
ဒါ့အပြင် ၎င်းက ဆက်လက်ပြီး “စွပ်စွဲချက်က ကျွန်တော်ကျူးလွန်ထားခြင်းမရှိဘူး ။ ကျူးလွန်ထားတာမဟုတ်တဲ့အတွက် ဆုံးခန်းတိုင်အောင်ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်။ ရင်ဆိုင်မယ်ဆိုတဲ့အတွက်လည်း ထောင်ထဲရောက်သွားတာပေါ့။ ဒါကတော့ ဒီနေ့မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်အရ။ နောက် နှစ်များစွာအာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ဒဏ်တွေကြောင့် တွဲပါနေတဲ့အကြောက်တရား။ အကြောက်တရားတွေကြောင့် ဒီနေ့အခုလိုဖြစ်ရတာပဲလို့ ကျွန်တော်သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ဦးကျော်မင်းဆွေဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ဗဟန်းတရားရုံးမှာတရားစွဲဆိုခံထားရသူပါ။ စာရေးဆရာဗြိတိသျှကိုကိုမောင်ရေးသားတဲ့ ကျည်ထောင်စုသစ္စာအမည်ရှိသရော်စာကို The Voice သတင်းဌာနရဲ့လူမှုကွန်ယက်စာမျက်နှာထက် ဖော်ပြခဲ့လို့ တပ်မတော်က တရားစွဲခဲ့တာပါ။တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ဆိုပြီးတရားစွဲခဲ့တာလည်းဖြစ်ပါတယ်။

ဦးကျော်မင်းဆွေဟာ ၈ကြိမ်တိတိ အာမခံပယ်ချခံခဲ့ရပြီးတော့ ဒီကနေ့ ရုံးထုတ်တဲ့ ၉ြ ကိမ်မြောက်ရုံးချိန်းမှာ အာမခံရခဲ့ပါတယ်။

ဖြိုးထက်အောင်

ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*