ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို အခွန် လျော့ပေါ့ပေးလိုက်ပြီ

ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို အခွန် လျော့ပေါ့ပေးလိုက်ပြီ
August 4, 2017 Asian Fame

11:21 am
ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို အခွန် လျော့ပေါ့ပေးလိုက်ပြီ

(ရန်ကုန်၊ သြဂုတ် ၄)

ရန်ကုန်စတော့ အိတ်ချန်းစာရင်းဝင် အများပိုင် ကုမ္ပဏီများကို အစိုးရအဖွဲ့၏ သဘော တူညီချက်အရ အခွန်လျှော့ပေါ့ ပေးလိုက်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက ကြေညာသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သော အမိန့်ကြေညာစာ အရ ရန်ကုန် စတော့ အိတ်ချိန်း စာရင်းဝင် အများပိုင် ကုမ္ပဏီများအား အခွန်လျှော့ပေါ့ပေးလိုက်သည် ဟု ဖော်ပြ ထားသည်။

၎င်းတို့မှာ စာရင်းဝင်ကုမ္ပဏီများအပေါ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်း အသားတင်အမြတ် ဝင်ငွေ အပေါ် ၂၀%ဖြင့် ဝင်ငွေခွန် ထမ်းဆောင်ခွင့်၊ စာရင်းဝင်ကုမ္ပဏီများ အနေဖြင့် ယခင်က ဝင်ငွေခွန် အပြည့်အဝ ထမ်းဆောင်ရန် ပျက်ကွက်မှု ရှိပါက ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်သည့် ဘဏ္ဍာရေးနှစ် မတိုင်မီ ပြီးခဲ့သည့် ဘဏ္ဍရေး (၂) နှစ်အတွက် ဝင်ငွေ အမှန်ကို ဖော်ထုတ်၍ ကျသင့် ဝင်ငွေခွန်ပေးဆောင်ခွင့်နှင့် ဝင်ငွေခွန် ဥပဒေအရ ဒဏ်တပ်ရိုက်ခြင်းနှင့် တရားစွဲဆိုခြင်း တို့မှ ကင်းလွတ်ခွင့် တို့ဖြစ်ကြသည်။

ရန်ကုန် စတော့အိတ်ချိန်းကို ကနေဦး မတည်ငွေရင်းကျပ် ၃၂ ဘီလီယံဖြင့် မြန်မာ-ဂျပန်ပူးပေါင်း ကာတည်ထောင် ခဲ့ခြင်းဖြစ်ပြီး မြန်မာ စီးပွားရေး ဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်း၊ ဂျပန်ဖက်မှ Daiwa Institute of Research ၊ Japan Exchange Group တို့က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ကြသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ များဖြစ်သော First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holding (MTSH) ၊ Myanmar Citizens Bank (MCB) ၊ First Private Bank (FPB) တို့မှာ စာရင်းဝင် ကုမ္ပဏီ များဖြစ်ကြသည်။

အခွန်လျှော့ပေါ့ခြင်းဆိုင်ရာ ထို့အမိန့်ကြော်ငြာစာသည် ၂၀၁၇-၂၀၁၈ ဝင်ငွေနှစ်မှ စတင် အကျိုးသက်ရောက်စေမည်ဖြစ်သည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*