H1N1 ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျင်းပဆဲ မြင်းမူဘုရားပွဲတော်ကို ရပ်နားမည်

H1N1 ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျင်းပဆဲ မြင်းမူဘုရားပွဲတော်ကို ရပ်နားမည်
August 3, 2017 Fame Asian

3:16 pm
H1N1 ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျင်းပဆဲ မြင်းမူဘုရားပွဲတော်ကို ရပ်နားမည်

20638614_1938510053069232_8974162949841722073_n

မြင်းမူ ၊ သြဂုတ် ၃

ကျင်းပပြုလုပ်နေတာ ၄ ရက်မြောက်နေ့ ရောက်နေပြီဖြစ်တဲ့ မြင်းမူဘုရားပွဲကို မနက်ဖြန် သြဂုတ် ၄ ရက်နေ့ ညနေ ၄ နာရီမှာ အပြီးရပ်နားမယ်လို့ မြင်းမူ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဒေါ်နီလာလွင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေ ၊ ထွေအုပ်တွေ ၊ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ စုပေါင်းပြီး အစည်းအဝေးတစ်ရပ်ကိုပြုလုပ်ကာ အခုလို ဘုရားပွဲတော်ရပ်နားဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

မနေ့က သြဂုတ် ၂ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ မန္တလေးမှာတွေ့ရှိတဲ့ H1N1 သံသယရှိလူနာတစ်ဦးဟာ မြင်းမူမြို့နယ်ကဖြစ်တယ်ဆိုတဲ့ကိစ္စရယ်၊ ခုကာလဟာ H1N1 အတွက် ကြိုတင်ကာကွယ်မှုတွေဆောင်ရွက်ရမယ့်ကာလဖြစ်တာကြောင့် အခုလို ပွဲတော်ရပ်နားရတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်လွှတ်တော်အမတ် ဒေါ်နီလာလွင်က “သူက မြင်းမူကဆိုပေမယ့် မြင်းမူမှာနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပွဲတော်က ဆိုင်ခန်းပေါင်း ၄၀၀ ကျော်နဲ့ လူတွေ အများကြီးစုဆုံတဲ့နေရာဖြစ်နေတော့ ကြိုတင်ကာကွယ်တဲ့သဘောပါ။ ဒါကြောင့် မနက်ဖြန် ညနေ ၄ နာရီ အပြီးပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောပါတယ်။

မြင်းမူဘုရားပွဲတော်ဟာ နှစ်စဉ် အခုလိုအချိန်ဇူလိုင်လ၃၁ရက်နေ့ကနေသြဂုတ်လ၁၂ရက်နေ့ ထိ ကျင်းပပြုလုပ်နေတဲ့ပွဲတော်ဖြစ်ပါတယ်။

ဒီကနေ့ အပါအ၀င်ဆိုရင် မြင်းမူဘုရားပွဲတော်ကျင်းပတာ ၄ ရက်မြောက်နေ့ ရောက်ပြီဖြစ်ပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*