အစိုးရရုံးစိုက်ရာနေပြည်တော်တွင် ဒုကျောင်းအုပ်ဆရာမတစ်ဦး နေ့ခင်းကြောင်တောင်လုယက်ခံရ

အစိုးရရုံးစိုက်ရာနေပြည်တော်တွင် ဒုကျောင်းအုပ်ဆရာမတစ်ဦး နေ့ခင်းကြောင်တောင်လုယက်ခံရ
August 3, 2017 Fame Asian

5:03 pm
အစိုးရရုံးစိုက်ရာနေပြည်တော်တွင် ဒုကျောင်းအုပ်ဆရာမတစ်ဦး နေ့ခင်းကြောင်တောင်လုယက်ခံရ

20526267_1938543863065851_3604376932146903748_n

နေပြည်တော် ၊ သြဂုတ် ၃

အစိုးရရုံးဌာနတွေ စိုက်ရာ နေပြည်တော်မြို့က လူစည်ကားရာ အဆင့်မြင့်ဈေးအနီးမှာ ဒုကျောင်းအုပ်ဆရာမတစ်ဦး လုယက်ခံရမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

မူကြိုကျောင်းကို စာသင်ဖို့ ထွက်လာတဲ့ ဒုတိယကျောင်းအုပ်ဆရာမတစ်ဦး လုယက်ခံခဲ့ရတာဖြစ်ပါတယ်။

လုယက်ခံရတာကြောင့် ရွှေဆွဲကြိုးတစ်ကုံး ၊ လက်ကိုင်ဖုန်းတစ်လုံး ၊ ပိုက်ဆံ ၄သောင်းအပါအဝင် စုစုပေါင်း တန်ဖိုး ငွေကျပ် ၉သိန်းကျော်ဖိုး လောက် ပါသွားတယ်လို့ နေပြည်တော် အမှတ်၁ ရဲစခန်းက အမှုစစ်ရဲအရာရှိ ရဲအုပ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး နေပြည်တော် အမှတ်၁ ရဲစခန်းမှာ အမှုအမှတ် ၃၅၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၆နဲ့ အမှုဖွင့်ထားတယ်လို့လည်း ၎င်းအရာရှိကဆိုပါတယ်။

နေပြည်တော်မှာ ယခင်က ညပိုင်းတွေမှာသာ လုယက်မှုအချို့ဖြစ်ပွားခဲ့ပြီး နေ့ခင်းကြောင်တောင်လုယက်ခံရတာကတော့ အခုပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*