မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေး အမြန်ဆုံးပြေလည်ရေးအတွက် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမူဝါဒလမ်းစဉ်များဖြင့် ဆက်လက် တွန်းအားပေးသွားမည်ဟု မလေးရှား ဒု-နိုင်ငံခြားရေးဝန်ကြီးဆို

မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေး အမြန်ဆုံးပြေလည်ရေးအတွက် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမူဝါဒလမ်းစဉ်များဖြင့် ဆက်လက် တွန်းအားပေးသွားမည်ဟု မလေးရှား ဒု-နိုင်ငံခြားရေးဝန်ကြီးဆို
August 3, 2017 Fame Asian

3:43 pm
မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေး အမြန်ဆုံးပြေလည်ရေးအတွက် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမူဝါဒလမ်းစဉ်များဖြင့် ဆက်လက် တွန်းအားပေးသွားမည်ဟု မလေးရှား ဒု-နိုင်ငံခြားရေးဝန်ကြီးဆို

20479518_1508722685838358_7060106482716883233_nကွာလာလမ်ပူ၊ သြဂုတ် ၃

မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေး အမြန်ဆုံးပြေလည်ရေးအတွက် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမူဝါဒလမ်းစဉ်များဖြင့် ဆက်လက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ရီဇယ်လ် မေရိကန် ကပြောသည်။

“အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(OIC)လို နိုင်ငံတကာအဖွဲ့အစည်းတွေကိုသုံးပြီး မြန်မာနိုင်ငံမှာ အငြင်းပွားနေတဲ့ ဘင်္ဂါလီအရေးကိစ္စ ရပ်တန့်သွားဖို့ တွန်းအားပေးသွားမှာဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ နိုင်ငံတကာအသိုင်းအ၀န်းကလဲ မြန်မာနိုင်ငံမှာ ကာလတာရှည်ရှာဖွေနေတဲ့ အေးချမ်းတည်ငြိမ်မှုရရှိရေးအတွက် မြန်မာနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေတိုးမြှင့် ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်”ဟု ဒုဝန်ကြီးက မလေးရှားနိုင်ငံ လွှတ်တော်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

” ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းနိုင်ဖို့အတွက် မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ၊ နှစ်ဦးနှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတွေဆက်လုပ်သွားမှာပါ” ဟုလည်း မစ္စတာ ရီဇယ်လ် မေရိကန်ကပြောပါသေးသည်။

မြန်မာနိုင်ငံနှင့်ဆက်ဆံရေးဖြတ်တောက်ခြင်းသည် မှန်ကန်သောနည်းလမ်းမဟုတ်ကြောင်းကိုလည်း သူကပြောပါသည်။

“အဲဒီလို ဆက်ဆံရေးဖြတ်တောက်လိုက်တယ်ဆိုရင် မလေးရှားနိုင်ငံ(ဒါမှမဟုတ်)အာဆီယံအနေနဲ့ ဘင်္ဂါလီအရေးကိစ္စတွေမှာ ပါဝင်ကူညီဖို့အတွက် အခွင့်အလမ်းပိုပြီးနည်းပါးသွားတာပဲရှိပါလိမ့်မယ်”ဟုလည်း သူကပြောပါသည်။

PN002
ref: Reezal: Malaysia will continue to use international platforms to resolve Rohingya issue

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*