တောင်သူနဲ့ရွှေ အတူမနေတော့ဘူးလား

တောင်သူနဲ့ရွှေ အတူမနေတော့ဘူးလား
August 3, 2017 Fame Asian

4:45 pm
တောင်သူနဲ့ရွှေ အတူမနေတော့ဘူးလား

 

20604573_1508749409169019_377885126221199225_n

မကွေး၊ သြဂုတ် ၃

မကွေးတိုင်းအတွင်းသီးနှံရိတ်သိမ်းချိန်ရောက်ပြီဖြစ်လို့တောင်သူတွေအနေနဲ့ရွှေထည်လက်ဝတ်ရတနာတွေကို ပေါင်နှံကြတာ များလာတယ်လို့သိရပါတယ်။အချိန်ခါမီစိုက်ပျိုးထားတာတွေရိတ်သိမ်းနိုင်မှဆောင်းသီးနှံစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။မကွေးတိုင်းအတွင်းကတောင်သူတွေ ဟာ နှမ်းကိုမိုးဦးမှာစိုက်ပျိုးပြီး မြေပဲကို နှမ်းသီးနှံရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ်စိုက်ပျိုးကြတာများပါတယ်။

ဒီလိုအချိန်မီအခါမီရိတ်သိမ်းချိန်မှာ လုပ်အားခတွေ ပေးချေနိုင်ဘို့ ရွှေထည်လက် ဝတ်ရတနာတွေ ကို ပေါင်နှံကြရတာလို့ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပြပါတယ်။

“ရွှေထည်လာလုပ်ကြတာထက်၊ ပေါင်နှံကြတာများတယ်။ခုချိန်ကနှမ်းနှုတ်ချိန်ဆိုတော့လေ၊လုပ်အား ခပေးဖို့လိုကြတယ်၊ရွှေထည်လုပ်ဖို့ကြလည်းအခွန်ကောက်မယ်ဆိုတော့ တောင်သူတွေကလန့်တယ်လေ၊ မများပါဘူး(၁)ရာခိုင်နှုံးပဲကောက်တာလို့ရှင်းပြရတယ်၊အခွန်ကောက်မယ်ဘာမယ်ဆိုတော့ကျွန်မတို့လည်း ရွှေ အရောင်းအေးတာပေါ့”လို့ရွှေဆိုင်လုပ်ငန်းရှင် ဒေါ်သင်းသင်းပြုံကပြောပါတယ်။

ဒီလိုအချိန်တွေ မှာ အငှားလုပ်သားတွေက နေ့စဉ်မပြတ်လုပ်အားကောင်းကောင်းနဲ့ အငှား လိုက်ကြ လို့ တောင်သူတွေထက်ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။အရင်က နေ့စားနဲ့တာလုပ်ကိုကြပြီး အခုအခါမှာ တော့ ပုတ်ပြတ် အဖွဲ့လိုက်လုပ်ဆောင်တာဖြစ်လို့ တစ်နေ့ကို (၇၅၀၀)လောက်နေ့တွက်ကိုက်နေကြတယ်လို့
တောင်သူတစ်ဦးကရှင်းပြပါတယ်။

“ရွှေစုမယ်ဆိုသူတို့ကစုနိုင်လိမ့်မယ်၊တောင်သူကတော့နှမ်းဈေးကသိပ်မကောင်းတော့ယာကထွက်တော့ထွက်ပါရဲ့ အမြတ်များဘို့ထက် အရင်းကြေဖို့ မနည်းလုံးပန်းရမယ်”လို့ တောင်သူဦးအောင်ခိုင်ကပြောကြားခဲ့ပါတယ်။

ဦးမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*