မွန်အမျိုးသား ကျောင်းများ အတွက် ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံမှု ၆ လကျော် ကြာသည်အထိ မထူးခြားသေး

မွန်အမျိုးသား ကျောင်းများ အတွက် ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံမှု ၆ လကျော် ကြာသည်အထိ မထူးခြားသေး
August 3, 2017 Asian Fame

4:58 pm
မွန်အမျိုးသား ကျောင်းများ အတွက် ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံမှု ၆ လကျော် ကြာသည်အထိ မထူးခြားသေး

20525996_1938540123066225_5470832157635141806_n(မော်လမြိုင်၊ သြဂုတ် ၃)

မွန်အမျိုးသားကျောင်း (၁၃၃) ကျောင်းအတွက် ပြည်နယ် အစိုးရကို ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံ ထားသော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်းမျိုး မရှိသေးကြောင်း သတင်း ရရှိသည်။

အဆိုပါ ဘတ်ဂျက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက စတင်တောင်းခဲ့ခြင်း ဖြစ်ပြီး မွန်ပြည်နယ် ပညာရေးမှူး ရုံးမှ တဆင့် ပြည်နယ် အစိုးရကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က “ဆရာတို့ဘက်က အဲ့ဒီ MNEC ကျောင်းတွေ အတွက် ဆရာ ၊ဆရာမတွေ၊ ဆရာတို့ ကလေးတွေ ကိုလည်း ဆရာ့တို့ကျောင်းတွေလိုမျိုး ရစေချင်တဲ့သဘောမျိုးနဲ့ ထည့်ပြီးတော့ လျာထားပေးခဲ့တယ်။ ကျန်တဲ့ပြည်နယ် တိုင်းတွေက ဒီလိုမရှိခဲ့ဘူး။ ရလိုရငြား တောင်းဆိုထားတယ်။ ရတယ်၊ မရဘူးဆိုတာတော့ မပြောနိုင်သေးဘူး ။အခု ဘာမှ မသိရဘူး” ဟု ပြောသည်။

မွန်ဘာသာကျောင်း များတွင် မိခင်ဘာသာစကားကို အခြေပြု သင်ကြားပေးမှာဖြစ်ပြီး မွန်ဘာသာ စကားကို တတ်မြောက်လိုသော မွန် တိုင်းရင်းသား မဟုတ်သည့် ကျောင်းသားများလည်း တက်ရောက်နိုင်ကြောင်း သိရသည်။

20525465_1938540126399558_3645270400251460877_nအဆိုပါ ဘတ်ဂျက်များ ရရှိခဲ့ပါက မွန်အမျိုးသားကျောင်းများ အတွက် လိုအပ်သော ပရိဘောဂ ပစ္စည်းများ၊ ဆရာ/ဆရာမ လစာ များ ၊သောက်သုံးရေနှင့် ယင်လုံအိမ်သာ ဆောက်လုပ်ခြင်း စသည့် နေရာ များတွင် အသုံးပြု သွားမှာ ဖြစ်ကြောင်း မွန် အမျိုး သားကျောင်း ( Mon National Education Center-MNEC) တာဝန်ခံ ဦးမင်းအောင်ဇေ က ပြောသည်။

“ဘတ်ဂျက်တော့ မရသေးဘူး။ ပြည်နယ်ပညာရေးမှူး ကိုတော့ ကျွန်တော်တို့ MNEC ရဲ့ လိုအပ်ချက်တွေကို ပြန်လည် စိ စစ်ပြီးတော့ အစီရင်ခံဖို့ တင်ထားတယ်။ ဖတ်စာအုပ် တွေတော့ နည်းနည်းပါးပါး ရနေပါပြီ ။ကျောင်းထောက်ပံ့ကြေး တောင်း ထား တာတော့ မရသေး ဘူး။ ကျွန်တော် တို့ကတော့ ဘယ်အချိန်ရမလဲဆိုပြီး မျှော်နေတာပေါ့။ကျောင်းသားမိဘတွေဆီက မတောင်းရအောင် အစိုးရ ကိုတောင်း ထားတာပါ။ အခမဲ့ပညာရေး စနစ်မှာ ကျောင်းသားမိဘတွေ ဆီက ပိုက်ဆံကောက်နေရရင် နည်းနည်း အခက် အခဲဖြစ်တဲ့ အတွက် နိုင်ငံတော် အစိုးရကို ကျွန်တော်တို့ လိုအပ်နေတာတွေကို တောင်းရခြင်းဖြစ်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက တောင်းဆိုထားသော ဘတ်ဂျက် ကို ပြည်နယ် ပညာရေးမှူး ရုံးမှတစ်ဆင့် ပြည်နယ်အစိုးရ ထံသို့ တင်ထားဆဲ ဖြစ်ကြောင်း ၊ သဘောထား မှတ်ချက်တောင်းဆိုမှု ရှိ၍ သဘောထား မှတ်ချက်နှင့် တကွနေပြည်တော် သို့ တင်ပေးထားကြောင်း ပြောသည်။

မြန်တစ်နိုင်ငံလုံး အနေဖြင့် မွန်ပြည်နယ်တွင် မွန်အမျိုးသားကျောင်း ၉၃ ကျောင်း ၊ ကရင်ပြည်နယ်တွင် ၂၄ ကျောင်း ၊ တနင်္သာရီတိုင်းတွင် ၁၆ ကျောင်း ရှိကြောင်း သိရသည်။

Arkar Min

ဓာတ်ပုံ=Doung Malay/MiHongsawa Toi

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*