မွန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု မရှိသေးကြောင်း ပြည်နယ်မွေးကု ဦးစီးပြော

မွန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု မရှိသေးကြောင်း ပြည်နယ်မွေးကု ဦးစီးပြော
August 3, 2017 Asian Fame

4:03 pm
မွန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု မရှိသေးကြောင်း ပြည်နယ်မွေးကု ဦးစီးပြော

Chicken(မော်လမြိုင် ၊ သြဂုတ် ၃)

မွန်ပြည်နယ်မှာ ဒီကနေ့ ထိ ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားမှု မရှိသေးဘူးလို့ ဒီကနေ့ မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

လူထုကြားမှာ ကြက်ငှက်တုပ်ကွေးနဲ့ လူမှာဖြစ်တဲ့ H1N1 ကိုရောထွေးပြီး သိနေမှု ၊ ကြက်ငှက်တုပ်ကွေးဆိုတဲ့ အသံကြောင့် ကြက်သား စားသုံးမှုတွေ လျော့ကျ လာတာ ၊ လူမှု ကွန်ရက်တွေမှာ ရောဂါပိုး ၂ ခုကို မှားယွင်းပြီး ရေးသားဖော်ပြမှု တွေ အခုလို ရှင်းလင်းပြောကြား ရတာဖြစ်တယ် လို့ ပြည်နယ်မွေးမြူရေးနဲ့ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သန်းဝင်း ကပြောပါတယ်။

“‘ဒီ H5N1 ကလူကို တော်ရုံတန်ရုံမကူးစက်ပါဘူး။ ကျွန်တော်တို့မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၁၆ အထိ ၈ကြိမ်ပေါ့နော် ။ အဲ့ဒီမှာ လူကိုကူးစက်တာဆိုလို့ တစ်ယောက်ပဲ သတင်းရပါတယ်။ သူ့လည်းဘာမှ မဖြစ်ပါဘူး။ ကုသ လိုက်တော့ ပြန်ကောင်း သွားပါ တယ်။ မွန်ပြည်နယ်မှာ အခုချိန်ထိက ထူးခြားဖြစ်စဉ်လည်းမရှိဘူး ။ ဒါကြောင့် သတင်းအမှားတွေ ကို ဖြစ်စဉ် အမှန်ပြန် လည်ချပြပေးဖို့ မီဒီယာကနေ တစ်ဆင့်ပြောကြားခြင်းဖြစ်ပါတယ် ” လို့ သူကဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်ထဲမှာ ကြက်သားကို မစားရဘူး မရောင်းရဘူး ဆိုတာမျိုး ကန့်သတ်ထားတာ မရှိကြောင်းနဲ့ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်နဲ့ ရောင်းချခွင့်ပြုထားပြီးဖြစ်ကြောင်း သူက ထပ်လောင်းဆိုပါတယ်။

ထူးခြားဖြစ်စဉ် ရှိခဲ့ရင်လည်း သက်ဆိုင်ရာ ကြက်ငှက်တုပ်ကွေးကာကွယ်ရေး အဖွဲ့တွေ မြို့နယ်အလိုက်ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ အဖွဲ့တွေ က သတင်းပေးပို့လို့ရှိရင်ပြည်သူထံကို ချပြသွားမှာဖြစ်တယ်လို့ ဒေါက်တာအောင်သန်းဝင်းက ပြောခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*