6:10 pm
ပင်မဆဲလ်(StemCell)နည်းပညာအသုံးပြုခြင်းသည် လူသားတို့အားဆေးဘက်ဆိုင်ရာ ကုသခြင်းထက် ပိုမိုကောင်းမွန်သော အကျိုးရလဒ်များရရှိနိုင်ပြီး နုပျိုစေသည်ဟု ရန်ကုန်မြို့ ၊သုခကမ္ဘာဆေးရုံတွင် ဘန်ကောက်Stem Cellကုမ္ပဏီလီမိတက်၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr.Veerapol Khemarangsanကပြောသည်။
ဘန်ကောက်Stem Cell နည်းပညာဆိုသည်မှာ လူသားတို့၏ ပင်မဆဲလ်များကို သိမ်းဆည်းကာ လူသားတို့ ကျန်းမာရေး အခြေအနေ မကောင်း မှုများဖြစ်ပေါ်ပါက ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်မှုပေးခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ရှင်းရှင်းပြောရရင် မွေးဖွားစဉ်မှာစွန့်ပစ်ရတဲ့ အချင်းတစ်ရှူးမှာဆိုရင် Stem Cellအများဆုံးပါတယ်။အဲဒီ ဆဲလ်တွေကို ဆရာတို့က သိမ်းဆည်းထားမယ်။အသက်၂၅နှစ်ကျော်လို့ Stem Cellတွေလျော့နည်းလာပြီး ရောဂါတစ်ခုခုဖြစ်တဲ့အခါကျရင် ထုတ်ယူထားတဲ့ Stem Cellကို ခန္ဓာကိုယ်ထဲပြန်ထည့်ပြီးကုသတာ။အခုမှ သိတဲ့သူတွေအနေနဲ့လဲ မိမိဝမ်းဗိုက်မှာရှိတဲ့ အဆီတစ်ရှူးကိုထုတ်ထားပြီး ကုသလို့ရတယ်။”ဟု ၎င်းကပြောသည်။
Stem Cellဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ပင်မဆဲလ်ဖြစ်ပြီး အသက်၂၅နှစ်မှစတင်လျော့ပါးလာသည့်ဆဲလ်ဖြစ်ကြောင်းနှင့် လူတို့တွင်ဖြစ်ပွားတတ်သော ရောဂါ ၆၀ရာခိုင်နှုန်းကို ကာကွယ်ပေးသည့် ဆဲလ်လည်းဖြစ်သည်။
Stem Cellကုထုံးကို စင်္ကာပူ၊ဗီယက်နမ်၊ကိုရီးယားနှင့် မလေးရှားနိုင်ငံများတွင် Stem Cellထိန်းသိမ်းခြင်းနှင့် ကုသခြင်းများသွားရောက်လုပ်ဆောင်နိုင်ပြီး မြန်မာနိုင်ငံတွင်မူ နောက်သုံးနှစ်ခန့်ကြာမှသာ ထိုသို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် ကလေးအချင်းမှ ရရှိသော အချင်းဆဲလ်မှ Stem Cellထုတ်ယူခြင်းကို လုပ်ဆောင်မည်ဖြစ်သည်။
သီဟ