ကုမ္ပဏီလိုင်စင် ဖြင့်လျောက်ထားနိုင်သော တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်များကို ထပ်မံတင်းကြပ်လိုက်သောကြောင့် လူအမည်ပေါက်ဖြင့် လာရောက် လျှောက်ထားသူ များပြားနေ

ကုမ္ပဏီလိုင်စင် ဖြင့်လျောက်ထားနိုင်သော တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်များကို ထပ်မံတင်းကြပ်လိုက်သောကြောင့် လူအမည်ပေါက်ဖြင့် လာရောက် လျှောက်ထားသူ များပြားနေ
August 3, 2017 Asian Fame

1:29 pm
ကုမ္ပဏီလိုင်စင် ဖြင့်လျောက်ထားနိုင်သော တစ်တန်အောက် လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်များကို ထပ်မံတင်းကြပ်လိုက်သောကြောင့် လူအမည်ပေါက်ဖြင့် လာရောက် လျှောက်ထားသူ များပြားနေ

carpermit(နေပြည်တော်၊ သြဂုတ် ၃)

ယခုလမှစတင်ကာ ကုမ္ပဏီလိုင်စင်ဖြင့် တစ်လတစ်စီး လျှောက်ထားနိုင်သော မီနီထရပ်နှင့် တစ်တန်အောက် လုပ်ငန်းသုံး ယာဉ်များ အတွက် ယခင်လက အမှန်တကယ် ကားထုတ် ယူထားသည့် သွင်းကုန်ကြေငြာလွှာ မူရင်းတင်ပြနိုင်မှ သာလျှောက်ထား ခွင့်ပြုမည် ဆိုသည့် သတ်မှတ်ချက်ကြောင့် လူအမည်ပေါက်ဖြင့် လာရောက် လျှောက်ထားမှု များပြားနေသည်။

ယနေ့တွင် မီနီထရပ်ကား များကို လူအမည်ပေါက်ဖြင့် လာရောက်လျှောက်ထားသူ(၅၀)ဝန်းကျင် ခန့်ရှိနေသည်။

ကုမ္ပဏီလိုင်စင်ဖြင့် လိုင်စင်လျှောက်ထားရန် ခက်ခဲလာပြီး မူဝါဒများ အဆင့်ဆင့် တင်းကြပ်လာသောကြောင့် မှတ်ပုံတင် သန်းခေါင် စာရင်းများဖြင့် လူအမည်ပေါက် တင်သွင်းရန် ကြိုးစား လာကြခြင်းဖြစ်သည်။

“ကုမ္ပဏီ လိုင်စင်တစ်စောင်ကို (၁၅)သိန်းပေးတောင် ဝယ်မရတော့ဘူး ဖြစ်နေတယ် ၊ရှေ့လထဲမှာလဲ ကာစတန် အခွန်နှုန်း ကထပ်တိုးမယ် ဆိုတော့ လူအမည်ပေါက် ဘဲလျှောက်နေရပါတယ်၊ လူနာမည်ပေါက်ဆိုတဲ့ အတွက် အခွန်တော့ (၁၀)သိန်းလောက် ပိုကျပေမယ့်လဲ ကားသွင်းနိုင်ဖို့ လျှောက်ရမှာပဲ။”ဟု ရန်ကုန်မြို့မှ ကားတင်သွင်းနေသည့် လုပ်ငန်းရှင် တစ်ဦး ကဆိုသည်။

ယခုလတွင် ကုမ္ပဏီဖြင့် လိုင်စင်လျှောက် လိုပါက ဇူလှိုင်လအတွင်း ကလျှောက်ထားသည့် ကား ထုတ်ယူပြီးကြောင်း အထောက် အထား တင်ပြရမည်ဆိုသောကြောင့် ကားတင်သွင်းနေကြ သူများအတွက် အခက်အခဲဖြစ်သွား ခဲ့ရကြောင်း သိရသည်။

“ဂျပန်ကနေ ကားတစ်စီးလေလံစ ဆွဲချိန်ကနေ ရန်ကုန်ဆိပ်ကမ်း ရောက်ချိန်အထိ ရက်(၄၀)ကနေ (၂)လလောက် အထိကြာ တတ် ပါတယ် ၊ကားထုတ်ပြီး မှနောက်လိုင်စင် ခွင့်ပြုမယ် ဆိုရင်တော့ ကုမ္ပဏီ တစ်ခုက တစ်လတစ်စီး ဘယ်လိုမှ မလျှောက်နိုင်ပါဘူး (၂)လ ဒါမှမဟုတ် (၃)လကြာမှ တစ်စီးသွင်းနိုင်ပါမယ်၊ အကျိုးဆက် ကတော့ ဒီကားလေးတွေ ဈေးတတ်သွားပါမယ်”ဟု ကားလောက ကျွမ်းကျင်သူ ကိုစိုင်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် တစ်တန်အောက် မီနီထရပ်ကားများ တင်သွင်းခွင့်ကို ယခုနှစ်(၆)လ ပိုင်းမှ စတင်ကာ အဆင့်ဆင့် စီစစ် ကြပ်မတ်မှု များပြုလုပ်လာခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*