အမြန်လမ်းပေါ်ဖြတ်သန်း ကြမည့် လိုက်ထရပ်၊မီနီထရပ်နှင့် ကုန်တင်ယာဉ်များအားလုံး တစ်နာရီလျှင်ကီလို(၆၀)ထက်ပိုမောင်းပါက အရေးယူခံရမည်

အမြန်လမ်းပေါ်ဖြတ်သန်း ကြမည့် လိုက်ထရပ်၊မီနီထရပ်နှင့် ကုန်တင်ယာဉ်များအားလုံး တစ်နာရီလျှင်ကီလို(၆၀)ထက်ပိုမောင်းပါက အရေးယူခံရမည်
August 2, 2017 Fame Asian

12:57 pm
အမြန်လမ်းပေါ်ဖြတ်သန်း ကြမည့် လိုက်ထရပ်၊မီနီထရပ်နှင့် ကုန်တင်ယာဉ်များအားလုံး တစ်နာရီလျှင်ကီလို(၆၀)ထက်ပိုမောင်းပါက အရေးယူခံရမည်

20526258_1507597305950896_5088013810715318870_n

နေပြည်တော် ဇူလိုင် ၂

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်ကြမည့် လုပ်ငန်းသုံးယာဉ်များအားလုံး(လိုက်ထရပ်၊မီနီထရပ်၊ကုန်တင်ယာဉ်ကြီးများ)ကို ယခုလကုန်မှစတင်ပြီးတစ်နာရီလျှင် ကီလို(၆၀)ထက်ပိုမောင်းပါက အရေးယူသွားမည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှသိရသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းကြမည့်မော်တော်ယာဉ်များအတွက် မောင်းနှင်ခွင့်ရှိသည့် တစ်နာရီလျှင်အမြင့်ဆုံးအရှိန်နှုန်းများကို ထုတ်ပြန်ထားရာ ခရီးသည်တင်ယာဉ်ကြီးများအတွက်(၉၀)ကီလိုနှုန်း၊အိမ်စီးကားလေးများအတွက် (၁၀၀)ကီလိုနှုန်းနှင့်လုပ်ငန်းသုံးယာဉ်များအတွက်(၆၀)ကီလီုနှုန်းအသီးသီးသတ်မှတ်ထားသည်။ယခုအခါ လိုပ်ထရပ်၊မီနီထရပ်နှင့် လုပ်ငန်းသုံးယာဉ်များမှာ သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်နေကြပြီးယာဉ်မတော်တဆဖြစ်ပွားနှုန်းအများဆုံး ကားများဖြစ်လာသည့်အတွက် သတ်မှတ် ကီလိုထက်ကျော်လွန်မောင်းနှင်ပါက ဒါဏ်ကြေး(၅၀၀၀၀)သတ်မှတ်၍အရေးယူသွားမည်ဖြစ်သည်။

ယခုလ ကို ပညာပေးကာလအဖြစ်သတ်မှတ်ကာ ယာဉ်များ၏ရှေ့လေကာမှန်များတွင် သတ်မှတ်ကီလိုအတိုင်းသာမောင်းနှင်ကြဖို့စတစ်ကာများကပ်ခြင်းယာဉ်မောင်းများကို အသိပေးခြင်းများပြုလုပ်နေသည်။ယခုလကုန်မှစတင်ပြီး အရှိန်နှုန်းတိုင်းကိရိယာများဖြင့် စစ်ဆေးပြီး နေပြည်တော် ရန်ကုန် မန္တလေးနှင့်ဖြူးတိုးဂိတ်များတွင် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်သည်။

“လုပ်ငန်းသုံးလိုက်ထရပ်မီနီထရပ်တွေက အိမ်စီးကားတွေလို အရှိန်မြင့်မောင်းဖို့အဆင်မပြေပါဘူး၊တာယာသေးတာရယ်ကားရဲ့ဖွဲ့စည်းတည်ဆောက်ပုံအရရယ်က လူအများကြီးတင်ပြီးအရှိန်နဲ့မောင်းရင် အန္တရယ်အရမ်းများလို့ ကန့်သတ်ထားတာပါ မလိုက်နာရင်တော့ အရေးယူမှာပါ”ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူး ထွန်းထွန်းဦးက ဆိုသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှု များတွင် အရှိန်မြင့်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားနေသဖြင့် ယာဉ်မောင်းများအနေနှင့် သတ်မှတ်ထားသည့်လမ်းညွှန်ဆိုင်းဘုတ်များနှင့် အရှိန်နှုန်းများကို တိကျစွာလိုက်နာရန်လိုအပ်နေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*