ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှ ကန့် ကွက်လွှာ၂ ခုကို သြဂုတ်၁၁ ထိတောင်ကြီးမှာစစ်ဆေးမယ် NLD နဲ့ USDP ပါတီတို့ အပြန်အလှန်ကန့် ကွက်ထားခြင်းဖြစ်

ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှ ကန့် ကွက်လွှာ၂ ခုကို သြဂုတ်၁၁ ထိတောင်ကြီးမှာစစ်ဆေးမယ် NLD နဲ့ USDP ပါတီတို့ အပြန်အလှန်ကန့် ကွက်ထားခြင်းဖြစ်
August 1, 2017 Fame Asian

4:27 pm
ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှ ကန့် ကွက်လွှာ၂ ခုကို သြဂုတ်၁၁ ထိတောင်ကြီးမှာစစ်ဆေးမယ် NLD နဲ့ USDP ပါတီတို့ အပြန်အလှန်ကန့် ကွက်ထားခြင်းဖြစ်

ရန်ကုန် ၊ သြဂုတ် ၁

ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှ ကန့် ကွက်လွှာ(၂) ခုကို သြဂုတ်လ ၁၁ ရက်နေ့ အထိ တောင်ကြီးမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးမှာ စစ်ဆေး သွားမယ်လို့ ရွေးကောက်ပွဲခုံရုံးဌာနက ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါ ကန့် ကွက်လွှာနှစ်ခုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို ပြည်ခိုင်ဖြိုးပါတီမှ ကန့် ကွက်တဲ့ ကန့် ကွက်လွှာတစ်မှုနဲ့ ပြည်ခိုင်ဖြိုးပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ပြန်လည်ကန်ကွက်တဲ့
တစ်မှုဖြစ်ပါတယ်။

”ကျွန်တော်တို့ က သက်သေတွေသွားလာရသက်သာလွယ်ကူစေဖို့ ရှမ်းပြည်နယ်ကိုသွားစစ်ပေးတာဖြစ်ပါတယ်။ ဒီနေ့ ကန့် ကွက်လွှာအမှတ် ၅( USDP ပါတီမှNLD ပါတီ ကိုကန့် ကွက်တဲ့အမှု) က သက်သေ ၉ ယောက်ကိုစစ်နေပါတယ်။ဆုံးဖြတ်ချက်တွေတော့မထွက်သေးဘူး။” လို့ သူကပြောပါတယ်။

အမှု(၂)ခုဟာ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးခင်မောင်ဝင်းကို USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစံရွှေက ကန့် ကွက်တဲ့အမှုနဲ့ USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်ကို NLD ပါတီမှဒေါက်တာဝဏစိုးက ကန့် ကွက်တဲ့အမှုတွေပါ။ ၎င်းတို့ ဟာကျိုင်းတုံမဲဆန္ဒနယ်(၂) နဲ့ ညောင်ရွှေမဲဆန္ဒနယ်(၁) တို့ မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*