တိုင်းဒေသ အလိုက် တစ်ရက် အနည်းဆုံး လုပ်ခ အဆိုပြု နှုန်းထားများ စက်တင်ဘာလကုန် တွင် တင်ပြရန် လျာထား

တိုင်းဒေသ အလိုက် တစ်ရက် အနည်းဆုံး လုပ်ခ အဆိုပြု နှုန်းထားများ စက်တင်ဘာလကုန် တွင် တင်ပြရန် လျာထား
July 31, 2017 Asian Fame

2:58 pm
တိုင်းဒေသ အလိုက် တစ်ရက် အနည်းဆုံး လုပ်ခ အဆိုပြု နှုန်းထားများ စက်တင်ဘာလကုန် တွင် တင်ပြရန် လျာထား

(ရန်ကုန်၊ ဇူလိုင် ၃၁)

တစ်ရက် လုပ်ခ အနည်းဆုံး ဘယ်လောက် ဖြစ်သင့်တယ် ဆိုတဲ့ အဆိုပြုနှုန်းထား တစ်ခု လာမယ့် စက်တင်ဘာလကုန် မှာ တိုင်းဒေသ ကြီး အဆင့်ကော်မတီတွေ ကနေ အသီးသီး တင်ပြဖို့ လျာထားတယ် လို့ သိရပါတယ်။

လတ်တလော ပြင်ပမှာပျံ့နှံ့နေတဲ့ အဆိုပြုနှုန်းထားတွေဟာ ကောလဟာလ သာဖြစ်ပြီး အမျိုးသားကော်မတီ ရဲ့ ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် လက်ရှိမှာတော့ အဆိုပြုနှုန်းထားတွေ မထွက်ရှိသေးဘူး လို့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ အဖွဲ့ဝင် အလုပ်သမားအဖွဲ့ချုပ်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် MICS ရဲ့ အထွေထွေအတွင်းရေးမှူး ချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

တိုင်းဒေသကြီး အသီးသီး ကကော်မတီတွေ အနေနဲ့ မိမိတို့ တိုင်းဒေသကြီး အလိုက် သတ်မှတ် သင့်တဲ့ အနည်းဆုံး အခကြေးငွေနှုန်း ထားတွေကိုလာမယ့် စက်တင်ဘာလကုန်မှာ အမျိုးသား အဆင့်ကော်မတီထံ တင်ပြဖို့ လျာထား တာဖြစ်ပါတယ်။

အလုပ်သမား နဲ့လ၀က ၀န်ကြီးဌာန ကဒုညွှန်ချုပ် ဦးအောင်ဌေးဝင်းက “တိုင်းနဲ့ပြည်နယ် အလိုက် ဆွေးနွေးမှုတွေ လုပ်နေပါပြီ” လို့ဆိုပါ တယ်။

တိုင်းဒေသကြီး အသီးသီက တင်ပြတဲ့နှုန်းထားတွေဟာ ဒေသအလိုက် ကွဲပြားနိုင်ပြီး အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝှမ်း တစ်ပြေးညီ သတ်မှတ်မလား / တိုင်းဒေသကြီး အလိုက်သတ်မှတ်မလား ဆိုတာကိုတော့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုး သားကော်မတီကနေဆုံးဖြတ်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကတော့ဘယ်လောက် သတ်မှတ်သင့်တယ် ဆိုတာထက် လက်ရှိ ကုန်ဈေးနှုန်း အခြေအနေ နဲ့ ကောက်ယူ ရရှိတဲ့ သုတေသန တွေ အပေါ်မှာ မူတည်ပြီး သတ်မှတ်သင့်တယ်လို့ ပြောချင်တယ်” လို့ MICS ရဲ့ အထွေထွေ အတွင်းရေးမှူး ချုပ် ဦးသက်နှင်းအောင် က ဆိုပါတယ်။

လက်ရှိ မှာလည်း မန္တလေးတိုင်း ဒေသကြီးကော်မတီ ကနေ စစ်တမ်းကောက်ဖို့ စတင် လုပ်ဆောင်နေပြီ လို့ သူကဆိုပါတယ်။

အနည်းဆုံး အခကြေးငွေ ကို လက်ရှိ ၃၆၀၀ အဖြစ် သတ်မှတ်ထားပြီး ဒီသတ်မှတ်ချက်နှုန်းထား ဟာလည်း အနည်းဆုံး အခကြေးငွေ ဥပဒေအရ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် အသစ်တစ်ဖန်ပြန်လည်သတ်မှတ်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*