နေပြည်တော်တွင် H1N1 သံသယလူနာ စတင်တွေ့ရှိပြီးနောက် ပျဉ်းမနား အခြေစိုက် ပရဟိတ အသင်းမှ လက်ကမ်း စာစောင်နှင့်mask များ ဝေဌ

နေပြည်တော်တွင် H1N1 သံသယလူနာ စတင်တွေ့ရှိပြီးနောက် ပျဉ်းမနား အခြေစိုက် ပရဟိတ အသင်းမှ လက်ကမ်း စာစောင်နှင့်mask များ ဝေဌ
July 31, 2017 Asian Fame

1:56 pm
နေပြည်တော်တွင် H1N1 သံသယလူနာ စတင်တွေ့ရှိပြီးနောက် ပျဉ်းမနား အခြေစိုက် ပရဟိတ အသင်းမှ လက်ကမ်း စာစောင်နှင့်mask များ ဝေဌ

20429800_1505706209473339_3892451818810358453_n(နေပြည်တော်၊ ဇူလိုင် ၃၁)

နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံတွင် H1N1သံသယလူနာ တွေ့ရှိရပြီးနောက် ပျဉ်းမနားအခြေစိုက် “မျှဝေသောလက်များ” ပရဟိတ အသင်း မှ ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (mask)များ ဝေဌခဲ့ကြသည်။

မျှဝေသော လက်များ ပရဟိတအဖွဲ့မှ ဦးကျော်သူရ က”ဒီမှာလဲ ရောဂါပိုး စတွေ့ပြီဆိုတဲ့ အတွက် အသိပညာပေး စာစောင်တွေ maskတွေ ဝေငှတာပါ၊ တစ်ထောင့် တစ်နေရာ ကတော့ အထောက်အကူဖြစ်မှာပါ”ဟု ဆိုသည်။

ယနေ့ ပျဉ်းမနား ဗိုလ်ချုပ်လမ်းနှင့်(၆)လမ်းထောင့်တွင် mask အရေအတွက် (၆၄၀၀)နှင့် လက်ကမ်း စာစောင်(၅၀၀၀)ဝေငှ ခဲ့ပြီး(၃၀)ရက်နေ့ ကလည်း mask (၅၀၀၀)ဝေငှခဲ့ကြောင်း သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*