ဖုန်းနှင့် လောင်းကစား ပြုလုပ်နေသူတို့ကို ရဲဖမ်း

ဖုန်းနှင့် လောင်းကစား ပြုလုပ်နေသူတို့ကို ရဲဖမ်း
July 31, 2017 Asian Fame

1:32 pm
ဖုန်းနှင့် လောင်းကစား ပြုလုပ်နေသူတို့ကို ရဲဖမ်း

game(မန္တလေး၊ ဇူလိုင် ၃၁)

ဇူလိုင် ၃၀ရက်နေ့ ညနေပိုင်းက အောင်မြေသာစံမြို့မရဲ များသည် ဖုန်း နှင့် လောင်းကစား ပြုလုပ်နေသည့် အမျိုးသား ၅ဦးကို ဖမ်းဆီး ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ယနေ့ တွင် သတင်းထုတ်ပြန်သည်။

သီရိမာလာ အနောက်ရပ်ကွက်၊ ၂၆xကမ်းနားလမ်း၊ ပန်းတန်းဈေးအနီးနားတွင် ထိုအမျိုးသား ၅ဦးက Vivo အမျိုးအစားလက်ကိုင်ဖုန်းနှင့် Fish Prawn Software အား အသုံးပြုပြီး လောင်းကစား ပြုလုပ်နေကြကြောင်း ရဲက သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။

လောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများ ၊လောင်းကြေးငွေ ၁၁၀၀၀၀ ကျပ် ကိုလည်း ရဲက သက်သေခံ အဖြစ်သိမ်းဆည်း ထားသည်။

လက်ရှိယင်း ၅ ဦး ကို အာင်မြေသာစံမြို့မရဲစခန်း (ပ)၃၃၄/၂၀၁၇၊ လောင်းကစားပုဒ်မ ၁၂(က) အရအမှုဖွင့် စစ်ဆေးနေသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*