ကုမ္ပဏီ လိုင်စင်ဖြင့်တစ်လလျှင် တစ်စီးတင်သွင်းခွင့်ပြုထားသော လုပ်ငန်းသုံးယာဉ်များကို ID တင်ပြနိုင်မှသာ ထပ်မံလျှောက်ထားခွင့်ပြုမည်

ကုမ္ပဏီ လိုင်စင်ဖြင့်တစ်လလျှင် တစ်စီးတင်သွင်းခွင့်ပြုထားသော လုပ်ငန်းသုံးယာဉ်များကို ID တင်ပြနိုင်မှသာ ထပ်မံလျှောက်ထားခွင့်ပြုမည်
July 31, 2017 Fame Asian

3:57 pm
ကုမ္ပဏီ လိုင်စင်ဖြင့်တစ်လလျှင် တစ်စီးတင်သွင်းခွင့်ပြုထားသော လုပ်ငန်းသုံးယာဉ်များကို ID တင်ပြနိုင်မှသာ ထပ်မံလျှောက်ထားခွင့်ပြုမည်

 

20479669_818563918308336_1925996293583086890_n

(နေပြည်တော်၊ ဇူလိုင် ၃၁)

လုပ်ငန်းသုံးယာဉ် တင်သွင်းခွင့်များကို တစ်လလျှင်တစ်စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုထားသော တစ်တန်အောက် ယာဉ်များ ကို လျှောက်ထားလိုပါက ယခင်ကတင်သွင်းထားသည့် သွင်းကုန်ကြေငြာလွှာ (Import Deceleration Form) ID တင်ပြနိုင်မှသာ အသစ်ထပ်မံလျှောက်ထားနိုင်တော့မည်ဖြစ်သည်။

ကုမ္ပဏီ လိုင်စင်ဖြင့် တစ်လလျှင် တစ်စီးနှုန်း ခွင့်ပြုနေရာမှ ကုမ္ပဏီ သက်တမ်း တစ်နှစ် အထက်ရှိသော ကုမ္ပဏီများ သာလျှောက်ထားရန် ကြေငြာခဲ့သည်။

ယခုအခါ ၎င်းကုမ္ပဏီများကိုလည်း တစ်လလျှင် တစ်စီး လျှောက်ထား လိုပါက ပထမလတွင် တင်သွင်းထားသည့် ကား ID ကို တင်ပြနိုင် မှသာ ယခုလအတွက် လျှောက်ထား ခွင့်ပြုမည် ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“အဓိကကတော့ သူတို့ဖက်က လုပ်ငန်းသုံးကားလေးတွေကို တင်သွင်းခွင့် ကြပ်ချင်တာပါ။ စိစစ်မှုတွေ အမျိုးမျိုးလုပ်နေတဲ့သဘောပါ။ ဥပမာပြောရရင် ကားတစ်စီး တကယ်သွင်းပြီးကြောင်း ဒီ ID ပြီးမှနောက် တစ်စီးပေးမယ်ဆိုတာမျိုးပါ၊ ဒီလအတွက် ကားလျှောက်ချင်ရင် အရင် လက ဒီကုမ္ပဏီနဲ့ ကားတကယ် သွင်းထားကြောင်း ID ပြနိုင်မှရပါမယ်။”ဟု ဝါရင့်ကားတင်သွင်းသူ ဦးစိုးလွင်အေး ကဆိုသည်။

တစ်တန်အောက်လုပ်ငန်းသုံး ယာဉ်မီနီထရပ်နှင့် Delivery Van တင်သွင်းခွင့်များကို ယခုလို တင်းကြပ်လိုက်သည့်အတွက် တင်သွင်းခွင့်ပါမစ် ဈေးနှုန်းများ တတ်သွားပြီး ကားဈေးတတ်ကာ အရောင်းအဝယ်အေးနေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*