H1N1 ပတ်သတ်၍ ပြည်​သူလူထုအားကျယ်​ကျယ်​ပြန့်​ပြန့်​အသိပညာ​ပေး​ရေး လုပ်​ငန်းလုပ်​​ဆောင်​ရန်​ ​​ပြည်​​ထောင်​စုအစိုးရအား တိုက်​တွန်း​ကြောင်းအဆို လွှတ်တော်တွင် တင်သွင်း

H1N1 ပတ်သတ်၍ ပြည်​သူလူထုအားကျယ်​ကျယ်​ပြန့်​ပြန့်​အသိပညာ​ပေး​ရေး လုပ်​ငန်းလုပ်​​ဆောင်​ရန်​ ​​ပြည်​​ထောင်​စုအစိုးရအား တိုက်​တွန်း​ကြောင်းအဆို လွှတ်တော်တွင် တင်သွင်း
July 28, 2017 Fame Asian

12:39 pm
H1N1 ပတ်သတ်၍ ပြည်​သူလူထုအားကျယ်​ကျယ်​ပြန့်​ပြန့်​အသိပညာ​ပေး​ရေး လုပ်​ငန်းလုပ်​​ဆောင်​ရန်​ ​​ပြည်​​ထောင်​စုအစိုးရအား တိုက်​တွန်း​ကြောင်းအဆို လွှတ်တော်တွင် တင်သွင်း

h

နေပြည်တော် ၊ ဇူလိုင် ၂၈

ရာသီတုပ်ကွေးရောဂါ H1N1 ပတ်သတ်ပြီး ရောဂါကူးစက်မှု့မရှိစေရန် အသေအပျောက် နည်းပါးရန်အတွက် ပြည်သူလူထုအားကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးရေး လုပ်ငန်းလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက တင်သွင်းခဲ့ပါတယ်။

“လူစည်ကားတဲ့ ဘတ်စကားမှတ်တိုင် ၊လေဆိပ် ၊ ရေဆိပ် ၊ စာသင်ကျောင်းရုံးတို့မှာ အသံချဲ့စက်နဲ့ အသိပေးသင့်ပါတယ်”လို့ သူက အဆိုတင်သွင်းစဉ်မှာ ပြောကြားခဲ့တာပါ။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အထက်ပါအတိုင်း အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

ဦးသိန်းထွန်း၏အဆိုကို မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးကထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

အထက်ပါ ကိစ္စနှင့် ပတ် သက်ပြီး ဆွေးနွေးလိုသူများအနေဖြင့် ဇူလိုင်လ ၃၁တွင် အမည်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*