ကရင်ပြည်နယ်တွင်း တောင်ကျရေကြောင့် တံတား ၂ စင်း ရေထဲမျှောပါ ပျက်စီး/ လမ်းခရီး ပြတ်တောက်နေ

ကရင်ပြည်နယ်တွင်း တောင်ကျရေကြောင့် တံတား ၂ စင်း ရေထဲမျှောပါ ပျက်စီး/ လမ်းခရီး ပြတ်တောက်နေ
July 28, 2017 Asian Fame

12:41 pm
ကရင်ပြည်နယ်တွင်း တောင်ကျရေကြောင့် တံတား ၂ စင်း ရေထဲမျှောပါ ပျက်စီး/ လမ်းခရီး ပြတ်တောက်နေ

kayin(ကြာအင်းဆိပ်ကြီး ၊ ဇူလိုင် ၂၈)

မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပေါ် မှာရှိတဲ့ တံတား(၂) စင်း ရေစီး ထဲမျှောပါ သွားပြီးနောက်မှာ မော်တော်ယာဉ် ဖြတ်သန်း သွားလာခွင့်ပါ ပိတ်လိုက်ရပါတယ်။

လတ်တလော ကတော့ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းဟာ လမ်းခရီးပြတ်တောက်နေတယ်လို့ ကြာအင်း ဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေး မှူး ရုံးမှသိရပါတယ်။

ဇူလိုင်လ (၂၆) ရက်နေ့ ညပိုင်းက ရေတိုက်စားမှုကြောင့် ကြာအင်းဆိပ်ကြီး -ဘုရားသုံးဆူ လမ်းပိုင်း မိုင်တိုင်အမှတ် ၂၀/၀-၁ မှာရှိတဲ့ ယာယီ ဘေလီတံတား (ကွင်းကြီးတံတား)နဲ့ မိုင်တိုင်အမှတ် ၃၀/၀-၁ မှာရှိ တဲ့ ယာယီဘေလီ တံတား (ယက္ကလာတံတား) တို့ ရေစီး နဲ့မျှောပါပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒီတံတား ၂ စင်း ပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ့နေရတယ်လို့ ကြာအင်းဆိပ်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူး ဦးမျိုးအောင်က ပြောပါတယ်။

“လမ်းက သွားလို့မရတော့ဘူး။ပြန်ပြုပြင်ဖို့အတွက် တံတားအထူးအဖွဲ့နဲ့ ပစ္စည်းတွေ စုနေတယ်။အဲ့ဒီနားက ရေစီးလည်း သန်တော့ လူတွေ က လှေတွေ၊ဖောင်တွေနဲ့ ကူးပြီးတော့ သွားတယ်။ကားတွေကတော့ သွားလို့မရဘူး။ဘုရားသုံးဆူ သွားမယ့်ကားက သံဖြူဇရပ် ဘက်က လှည့်ပေါ့။မနှစ်က ဒီလောက်အထိ မဖြစ်ခဲ့ဘူး”လို့ ဦးမျိုးအောင် က ဆိုပါတယ်။

ရေမျှောပျက်စီးသွားတဲ့ တံတား၂စင်းကို အမြန်ဆုံးပြုပြင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။

အလားတူ ကြာအင်းဆိပ်ကြီး မြို့နယ်က မြေနိမ့်ပိုင်းနေရာတွေမှာလည်း ရေကျော်နေတယ်လို့သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ရေတွေကြီးနေတယ်။ တချို့နေရာတွေက မိုးများတော့ ရေ၀င်တာကိုး။ ပိုးမွှားအန္တရာယ်တွေ ဂရုစိုက် ကြပါ ။မနှစ်က အဲ့လောက်ထိ မဖြစ်ဘူး။ဒီနှစ်က မိုးတွေ စုရွာတဲ့အတွက် ရေက ပြုံလာတာပေါ့။ တခြား ပျက်စီးတာတော့ မရှိပါ ဘူး။ ကြာအင်း ဆိပ်ကြီး မှာတော့မြေအနိမ့်ပိုင်းလေးတွေ ပဲ ရေ၀င်တာရှိပါတယ်။ ကမ်းပါးတွေ ရေမကျော်သေးပါဘူး” လို့ ပြောပါ တယ်။

ကရင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီအောင် က ရေကြီး လို့ပြောင်းရွှေ့နေ ရတဲ့ နေ အိမ်တွေကို ဆန်နဲ့ရိက္ခာတွေ ထောက်ပံ့ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

အလားတူ ရန်ကုန် -မြိတ် -ကော့သောင်း ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ရှိတဲ့ မဟဲဆီချောင်းကူး တံတားလည်း တောင်ကျရေကြောင့် ဇူလိုင် ၂၆ ရက် ည ၁၁ နာရီကျော် က ပျက်စီးသွားခဲ့ပြီး လမ်းပိတ် ထားရတယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့ ကရင်ပြည်နယ်က တံတား ၂ စင်းမှာ ကွင်းကြီးတံတားဟာ ပေ(၁၀၀) ရှည်လျားပြီး ယက္ကလာတံတားကတော့ ပေ (၁၂၀) ရှည်လျားကြောင်း သိရပါတယ်။

Arkar Min
Photo- ကရင်ပြည်နယ်လမ်းတံတားဦးစီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*