Drift ဆွဲတဲ့ပြိုင်ကားတိုက်လို့ ကွယ်လွန်သွားတဲ့ ဗိုလ်ကြီး ဈာပနပြုလုပ်

Drift ဆွဲတဲ့ပြိုင်ကားတိုက်လို့ ကွယ်လွန်သွားတဲ့ ဗိုလ်ကြီး ဈာပနပြုလုပ်
July 27, 2017 Asian Fame

9:05 pm
Drift ဆွဲတဲ့ပြိုင်ကားတိုက်လို့ ကွယ်လွန်သွားတဲ့ ဗိုလ်ကြီး ဈာပနပြုလုပ်

20431504_1935316096721961_314723215700451264_n

မန္တလေး၊ ဇူလိုင် ၂၇

မန္တလေးမြို့မှာ ဇူလိုင် ၂၅ ရက်မနက်ပိုင်းက ယာဉ်တိုက်မှုကြောင့်သေဆုံးသွားခဲ့ရတဲ့ တပ်မတော်အရာရှိတစ်ဦးရဲ့ဈာပနကို ဒီနေ့မနက်ပိုင်းက အေးရိပ်ငြိမ်သုဿန်မှာ စစ်အခမ်းအနားနဲ့တစ်ကွပြုလုပ်သွားခဲ့ပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ ဘီလမ်းမကြီးပေါ် ၈၈ လမ်း နဲ့ ၈၉ လမ်းကြားမှာ ဇူလိုင် ၂၅ ရက်မနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ၂၆ ဘီလမ်း အတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာတဲ့ အဆိုပါတပ်မတော်အရာရှိဖြစ်သူ ဗိုလ်ကြီးအောင်မြင့်မြတ်ရဲ့မော်တော်ဆိုင်ကယ်ကို အရှေ့မှအနောက် သို့မောင်းနှင်လာတဲ့ ယာဉ်မောင်းကျော်ဇောဟိန်းရဲ့မော်တော်ယာဉ်က အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့တာဖြစ်ပြီး အဲဒီယာဉ်တိုက်မှုကြောင့် ဗိုလ်ကြီးအောင်မြင့်မြတ်မှာ ၀ဲ/ယာနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းကွဲ၊ ၀မ်းဗိုက်ပွန်းရှ၊ လည်ပင်းပွန်းရှ၊ ၀ဲ/ယာဒူးစုတ်ပြဲဒဏ်ရာတွေနဲ့ မန္တလေးအထွေထွေဆေးရုံကြီးဆီပို့ဆောင်ကုသစဉ်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

စစ်အခမ်းအနားနဲ့ဂုဏ်ပြုကျင်းပပြုလုပ်တဲ့ ဈာပနမှာ ဆွေမျိုးအသိုက်အ၀န်းတွေအပြင် စိတ်ဝင်စားသူတွေလည်းလိုက်ပါပို့ဆောင်ကြတာကိုတွေ့ရပါ တယ်။

ဒီဖြစ်စဉ်မှာ ယာဉ်မဆင်မခြင်မောင်းနှင်သူယာဉ်မောင်းကျော်ဇောဟိန်းအား ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းက (ပ)၅/၂၀၁၇ ပြစ်မှုပုဒ်မ ၃၀၄ (က) နဲ့ ဖမ်းဆီးအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*