မတူပီမြို့က H1N1 လူနာအားလုံးပြန်လည်ကျန်းမာ/တစ်ခြားမြို့နယ်တွေမှာ H1N1 လူနာမတွေ့သေးဟု ချင်းပြည်နယ်အစိုးရဆို

မတူပီမြို့က H1N1 လူနာအားလုံးပြန်လည်ကျန်းမာ/တစ်ခြားမြို့နယ်တွေမှာ H1N1 လူနာမတွေ့သေးဟု ချင်းပြည်နယ်အစိုးရဆို
July 27, 2017 Fame Asian

2:47 pm
မတူပီမြို့က H1N1 လူနာအားလုံးပြန်လည်ကျန်းမာ/တစ်ခြားမြို့နယ်တွေမှာ H1N1 လူနာမတွေ့သေးဟု ချင်းပြည်နယ်အစိုးရဆို

ggg

ဟားခါး၊ ဇူလိုင် ၂၇

ချင်းပြည်နယ်မှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ H1N1 လူနာ တွေအားလုံး ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်းနဲ့ တစ်စုံတစ်ဦးက အသေအပျောက်မရှိကြောင်း ပြည်နယ်အစိုးရက ဒီကနေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၅ ရက်နေ့က ကူးစက်မြန်ရာသီတုတ်ကွေး outbreak စတင်ဖြစ်ပွားခဲ့ရာမှာ ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကို Throat Swab နမူနာ (၁၀)ဦး ပေးပို့ စစ်ဆေးစေခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ type A, A/H1N1 Pdm ရောဂါပိုးတွေ့ရှိကြောင်း ဇူလိုင် ၂၃ ရက်နေ့မှာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန (နေပြည်တော်)နဲ့ ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကနေ အကြောင်းပြန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ အဲ့ဒီ H1N1 လူနာ တွေအားလုံးပြန်လည်ကျန်းမာနေပြီဖြစ်တယ်လို့ချင်းပြည်နယ်အစိုးရကဆိုပါတယ်။မတူပီမြို့၊ ပြည်သူ့ဆေးရုံမှာ ဇူလိုင် ၅ ရက်နေ့က နေ ဇူလိုင် ၂၃ ရက်နေ့အထိ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းအပါအ၀င် လာရောက် ပြသခဲ့တဲ့ ပြင်ပလူနာစုစုပေါင်းမှာ (၃၁၁) ဦး ဖြစ်ရှိကြောင်း ၊ အဲ့ဒီထဲကနေမှ အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ စုစုပေါင်း ၆၁ ဦးရှိပြီး ဇူလိုင် ၂၃ ရက်နေ့မှာတော့ အတွင်းလူနာ အဖြစ်တက်ရောက်ကုသခံယူသူ ၃ ဦးပဲရှိတော့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့အထိကတော့ ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အတွင်းမှာ H1N1 သံသယရှိ လူနာစစ်ဆေးတွေ့ရှိခြင်း မရှိသေးဘူးလို့ ပြည်နယ်အစိုးရက ဆိုပါတယ်။

လက်ရှိမှာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ မင်းတပ်ခရိုင်စီမံခန့်ခွဲမှုကော်မတီရဲ့ အနီးကပ် ပံ့ပိုးဦးဆောင်မှု၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့များနဲ့ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း ပါဝင်မှုတို့နဲ့ ပြည်သူလူထု ကြား အသိပေးရှင်းလင်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ သံသယဖြစ်သူများအား စောင့်ကြည့်ခြင်း၊ ရောဂါဖြစ်ပွားလာပါက အချိန်နဲ့ တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်လျှက်ရှိတယ်လို့ ချင်းပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

ဒီကနေ့မှာလည်း ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မင်းတပ်ခရိုင်အတွင်း H1N1 ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့တယ်လို့ သိရပါတယ်။အခုအချိန်ထိ H1N1 နဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ ၆ဦးသေဆုံးခဲ့ပြီး ၊ ၂၀ ဦး ဆေးကုသမှုခံယူနေရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*