ဇူလိုင်လအတွင်း ရေဘေးသင့်သူ တစ်သိန်းသုံးသောင်းကျော် အထိရှိခဲ့

ဇူလိုင်လအတွင်း ရေဘေးသင့်သူ တစ်သိန်းသုံးသောင်းကျော် အထိရှိခဲ့
July 27, 2017 Asian Fame

12:42 pm
ဇူလိုင်လအတွင်း ရေဘေးသင့်သူ တစ်သိန်းသုံးသောင်းကျော် အထိရှိခဲ့
flood(နေပြည်တော်၊ ဇူလိုင် ၂၇)

ယခုနှစ် ဇူလိုင်လ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့် လူဦးရေ တစ်သိန်း သုံးသောင်းကျော် အထိ ရှိနေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဦးစီးဌာနမှ သိရသည်။

“ရေကြီးတဲ့ နေရာတွေမှာ ရှိနေတဲ့ အိမ်ထောင်စုနဲ့ လူဦးရေတွေကို အခုလ နောက်ဆုံးပတ် အထိကောက်ယူထားတဲ့ စာရင်းတွေပါ၊ ခုချိန်ထိတော့ ရေက ဆက်ကြီးနေတာမဟုတ်ပါဘူး ၊ရေပြန်ကျသွားလို့ ကို့နေရပ် ကို ပြန်သူတွေလဲ ရှိနေပါပြီ။” ဟု ကယ်ဆယ်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း ကဆိုသည်။

ယခုလ အတွင်းရေကြီးနစ်မြုပ်ခဲ့သည့် တိုင်းနှင့်ပြည်နယ် စုပေါင်း (၈)ခု အထိ ရှိခဲ့ပြီး လူဦးရေ (၁၃၄၅၉၁) အထိ ရေဘေး သင့်ခဲ့ခြင်းဖြစ် သည်။ ရေနစ်မြုပ် ခဲ့သည့်ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့်နေပြည်တော် ပြည်ထောင်စုနယ်မြေတို့ ဖြစ်သည်။

ရေကြီးနစ်မြုပ်မှု အများဆုံး ခံခဲ့ရသည့်ဒေသမှာ မကွေးတိုင်းဒေသကြီး ဖြစ်ပြီး တစ်လအတွင်း လူဦးရေ ကိုးသောင်းကျော် အထိ ရေဘေး သင့်ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဦးစီးဌာန၏ အချက်အလက် များအရသိရသည်။

အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*