ရန်ကုန်တိုင်းအတွင်း နွေကာလလျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆီဂါလံ ၁၀ သိန်းနှင့်စက်မောင်းနှင် ဖြည့်တင်းမည်

ရန်ကုန်တိုင်းအတွင်း နွေကာလလျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆီဂါလံ ၁၀ သိန်းနှင့်စက်မောင်းနှင် ဖြည့်တင်းမည်
July 27, 2017 Fame Asian

1:38 pm
ရန်ကုန်တိုင်းအတွင်း နွေကာလလျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် ဆီဂါလံ ၁၀ သိန်းနှင့်စက်မောင်းနှင် ဖြည့်တင်းမည်

f

နေပြည်တော် ၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းထဲမှာ နွေရာသီလျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကဝယ်ယူထားတဲ့စက်နဲ့ မောင်းနှင် ဖြည့်တင်းပေးသွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောပါတယ်။

“ဝယ်ယူထားတဲ့စက်နဲ့ ဝယ်ယူထားတဲ့ ဒီဇယ်ဆီ ဂါလံ၁၀သိန်းနဲ့ အရေးပေါ် အသုံးပြုပြီး နာရီပိုင်းလိုအပ်နေတဲ့ ဓါတ်အားတွေကို ဖြည့်တင်းပေးသွားမှာပါ” လို့ သူကပြောပါတယ်။
ဒါအပြင် နွေရာသီကာလရောက်တိုင်း တိုင်းပြည်ရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက် အထူးမြင့်မားတဲ့ အတွက် အဲ့ဒီိကာလမှာ စက်ကိုအဓိကထားမောင်းနှင်သွားမယ်လို့လည်း ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။

ဇူလိုင်လ ၂၇ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမဲဆန္ဒနယ် အမတ် ဦးနေမျိုးထက် မေးမြန်းတဲ့ “ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ ကျပ်၃၀ဘီလီယံ ထုတ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးတွင် သဘာဝဓါတ်ငွေ့နှင့် ဒီဇယ်၊ လောင်စာ၂မျိုးသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူပြီး ၄၅ရက်အတွင်းတွင် စတင်ဓါတ်အားထုတ်လုပ်ပေးနိုင်မည်ဟု ဖော်ပြခဲ့သော်လည်း ယခုမေလကုန် နောက်ဆုံးပတ်အထိ ဓါတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသဖြင့် ၄၅ရက်အတွင်း ရက်အလိုက် ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို အသေးစိတ်သိရှိလိုခြင်း ၊ မည်သည့်အတွက်ကြောင့် သတ်မှတ်ထားသည့် ကာလအတွင်း လျှပ်စစ်ဓါတ်အား မထုတ်လုပ်နိုင်သည်ကို သိရှိလိုခြင်း”မေးခွန်းကို ဒုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*