မစ္စယန်​ဟီးလီရဲ့သတင်းထုတ်​ပြန်​ချက်အပေါ် ပြင်းထန်​စွာကန့်​ကွက်​​ကြောင်း အ​ရေးကြီးအဆိုကို ပြည်​သူ့လွှတ်​​တော်​တွင် အတည်​ပြု

မစ္စယန်​ဟီးလီရဲ့သတင်းထုတ်​ပြန်​ချက်အပေါ် ပြင်းထန်​စွာကန့်​ကွက်​​ကြောင်း အ​ရေးကြီးအဆိုကို ပြည်​သူ့လွှတ်​​တော်​တွင် အတည်​ပြု
July 25, 2017 Fame Asian

2:31 pm
မစ္စယန်​ဟီးလီရဲ့သတင်းထုတ်​ပြန်​ချက်အပေါ် ပြင်းထန်​စွာကန့်​ကွက်​​ကြောင်း အ​ရေးကြီးအဆိုကို ပြည်​သူ့လွှတ်​​တော်​တွင် အတည်​ပြု

h

နေပြည်တော် ၊ ဇူလိုင် ၂၅

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆို”ကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

ထိုအဆိုကို ဇူလိုင်လ ၂၄ရက်နေ့မှာ အိမ်မဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့မှတော့ ဒီကန့်ကွက်ကြောင်း အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ဦး ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၁၃ဦးတို့ကထောက်ခံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ကလည်း အတည်ပြုဖို့ထောက်ခံခဲ့ပါတယ်။

ဒီလို အတည်ပြုလိုက်သောကြောင့် ပြည်သူ့လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*