မစ္စယန်​ဟီးလီ၏ သတင်း ထုတ်​ပြန်​ချက်​အား ပြင်းထန်​စွာ ကန့်​ကွက်​​ကြောင်း အ​ရေးကြီး အဆိုတစ်​ရပ်​ကို အိမ်​မဲ မဲဆန္ဒနယ်​မှ ​ဒေါ်သန္တာက တင်​သွင်း

မစ္စယန်​ဟီးလီ၏ သတင်း ထုတ်​ပြန်​ချက်​အား ပြင်းထန်​စွာ ကန့်​ကွက်​​ကြောင်း အ​ရေးကြီး အဆိုတစ်​ရပ်​ကို အိမ်​မဲ မဲဆန္ဒနယ်​မှ ​ဒေါ်သန္တာက တင်​သွင်း
July 24, 2017 Asian Fame

12:01 pm
မစ္စယန်​ဟီးလီ၏ သတင်း ထုတ်​ပြန်​ချက်​အား ပြင်းထန်​စွာ ကန့်​ကွက်​​ကြောင်း အ​ရေးကြီး အဆိုတစ်​ရပ်​ကို အိမ်​မဲ မဲဆန္ဒနယ်​မှ ​ဒေါ်သန္တာက တင်​သွင်း

Daw-Thandar(နေပြည်တော် ၊ ဇူလိုင် ၂၄)

ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံလူ့ အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီမှ ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၁ရက်က ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီး အဆိုတစ်ရပ်ကို အိမ်မဲ မဲဆန္ဒနယ် မှ ဒေါ်သန္တာက တင်သွင်းခဲ့ပါတယ်။

“အထူး ကိုယ်စားလှယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေထဲမှာ မြန်မာနိုင်ငံက ပြည်သူလူထုအလွန်စိုးရိမ်နေတဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုပြဿနာရဲ့နောက်ဆက်တွဲဖြစ်တဲ့ မေယုတောင်ကြားမှာ လူလုပ် ဥမင်လှိုင်ခေါင်း ၊ လက်နက်တွေ လေ့ကျင့်ရေးစခန်းကိစ္စတွေကို ထိန်ချန်ထားတာတွေ စိတ်မကောင်းစွာ ကြားသိရပါတယ် ၊ တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှု ကတဆင့် အကြမ်းဖက် သမားတွေ မြန်မာနိုင်ငံကိုခြေကုပ် ယူသွားမလား ဆိုတာ ရခိုင်ပြည်နယ်သာမက မြန်မာတနိုင်ငံလုံးအလွန်စိုးရိမ်နေတဲ့အချက်ဖြစ်ပါတယ်”လို့ သူမက အရေးကြီးအဆို တင်သွင်းစဉ် မှာ ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး သူမက အောက်တိုဘာမှာ ကျင်းပတော့မယ့် ကုလသမဂ္ဂညီလာခံမှာ တင်သွင်းတော့မယ့် အစီရင်ခံစာမှာ တရားမမျှမတ တင်သွင်းရာတွင် ဆုံးဖြတ်ချက် အမှားများချနိုင်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ပြော ကြား ခဲ့ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပတဲ့ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက အထက်ပါ အတိုင်း တင်သွင်း ခဲ့ခြင်းဖြစ် ပါတယ်။

ဒေါ်သန္တာရဲ့ အရေးကြီး အဆိုကို မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ထောက်ခံခဲ့ကာ ကန့်ကွက်သူ မရှိသောကြောင့် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးလိုသူများအနေဖြင့် ဒီနေ့ နောက်ဆုံးထားစာရင်းပေးရမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာခဲ့ပါတယ်။

စိုင်းလမင်း

 

 

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*