မုဆိုးနှင့်အစာကျွေးသူခွဲခြားသိရှိနိုင်ရန် ၊ မိမိဘာသာအစာရှာဖွေစားနိုင်ခြင်းရှိ/မရှိ သိရန် ၁နှစ် စောင့်ကြည့် မွေးမြူထားသော ကြယ်လိပ် ၁၅၀ ကို တောထဲသို့ပြန်လွှတ်ပေး

မုဆိုးနှင့်အစာကျွေးသူခွဲခြားသိရှိနိုင်ရန် ၊ မိမိဘာသာအစာရှာဖွေစားနိုင်ခြင်းရှိ/မရှိ သိရန် ၁နှစ် စောင့်ကြည့် မွေးမြူထားသော ကြယ်လိပ် ၁၅၀ ကို တောထဲသို့ပြန်လွှတ်ပေး
July 24, 2017 Fame Asian

4:41 pm
မုဆိုးနှင့်အစာကျွေးသူခွဲခြားသိရှိနိုင်ရန် ၊ မိမိဘာသာအစာရှာဖွေစားနိုင်ခြင်းရှိ/မရှိ သိရန် ၁နှစ် စောင့်ကြည့် မွေးမြူထားသော ကြယ်လိပ် ၁၅၀ ကို တောထဲသို့ပြန်လွှတ်ပေး

ssss

ရန်ကုန်၊ ဇူလိုင် ၂၄

မုဆိုးနှင့်အစာကျွေးသူ ခွဲခြားသိမြင်စေရန် ၊ မိမိဘာသာအစာရှာဖွေစားသောက်တက်ရန် အတွက် တစ်နှစ်တိတိ ခြံလှောင်စောင့်ကြည့်ထားသော ကြယ်လိပ် အကောင် ၁၅၀ ကို သဘာဝအတိုင်းတောထဲသို့ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မှသိရသည်။

အဆိုပါ ကြယ်လိပ် အကောင် ၁၅၀ သည် မွေးမြူရေးခြံတွင် သားပေါက်ထားသော လိပ်များဖြစ်ပြီး ပြီးခဲ့တဲ့ တစ်နှစ်မှ စတင်ကာ ရွှေစက်တော်တွင် ခြံလှောင်လွှတ်ပေး၍ စောင့်ကြည့်ခဲ့သော လိပ်များဖြစ်သည်။လက်ရှိတွင် အဆိုပါ ကြယ်လိပ်များသည် ၅ နှစ်သားအရွယ် ရှိပြီဖြစ်ပြီး ၎င်းတို့ ကျောပြင်ပေါ်တွင် စက်တပ်ဆင်ကာ သဘာဝအတိုင်း တောထဲသို့ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လိပ်ဥဘ၀ထဲက အကောင်ပေါက်တဲ့အထိ စောင့်ကြည့်ပြီး ၁မိနစ်သားထဲကစလို့ အစာကျွေးပြုစုလာခဲ့တာဆိုတော့ သဘာဝတောထဲမှာ ရုတ်တရက် မနေတတ်မှာ စိတ်ပူလို့ ၂ ဧကခွဲ ရှိတဲ့ခြံကြီးတွေ တောထဲမှာသွားဆောက်ပြီး တစ်ခြံကို ကြယ်လိပ် အကောင် ၅၀ စီထည့် ၊ ပေ ၄၀/၅၀ အကွာကနေ စောင့်ကြည့်ခဲ့ကြပါတယ်” ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒေါက်တာ ကလျာက ဆိုသည်။

အဆိုပါကြယ်လိပ်များကို ပြန်လည်လွှတ်ပေးရာတွင် ၎င်းတို့သဘောဆန္ဒအလျောက် ထွက်သွားနိုင်ရန်ခြံတံခါးဖွင့် Self Release လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အတင်းအပြင်သို့ လွှတ်ပေးလိုက်ခြင်းမျိုးမဟုတ်ကြောင်း ၎င်းကပြောသည်။

“လိပ်ကလေးတွေက လူနဲ့ အရမ်းယဉ်နေတဲ့အတွက် လူတွေကိုတွေ့ရင် သူတို့ကို အစာကျွေးမယ်ထင်ပြီး ထွက်ထွက်လာကြတယ်။ တကယ်လို့များ မုဆိုးတွေဘာတွေ လာရင်လဲ အစာကျွေးမယ်ထင်ပြီး ထွက်လာမှာစိုးတော့ အဲ့အကျင့်ကို ပြင်ဖို့ သူတို့ဘဘာဝအတိုင်း ရှာဖွေစားသောက်တတ်အောင် တိုက်ရိုက် လွှတ်လိုက်ခြင်းမျိုးမဟုတ်ပဲ တနည်းအားဖြင့် Soft Release ညင်သာစွာ စေလွှတ်ခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာကလျာက ထပ်လောင်းဆိုသည်။

ကြယ်လိပ်များကို စောင့်ကြည့်မွေးမြူထားသည့် ၁နှစ်တာ ကာလအတွင်းတွင်လည်း ၁လတစ်ခါ ခြံထဲသို့ ၀င်၍ အလေးချိန်ချိန်ခြင်း ၊
ဝိတ်တက်လာပါကစားနိုင်၍ ၀ိတ်တက်ခြင်း ၊ ၀ိတ်ကျသွားပါက မစားနိုင်၍ ၀ိတ်ကျခြင်း ၊ စသည့် နည်းလမ်းများဖြင့် လိပ်များ အစာစားခြင်းရှိ/မရှိ ၊ အခြားအကောင်များကိုက်၍ အနာတရရှိ /မရှိ စသဖြင့် အသေးစိတ် ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း WCS မှသိရသည်။
သေဆူံးသွားသော လိပ်အချို့ရှိသော်လည်း ၉၉ ရာခိုင်နှုန်းမှာ ကောင်းမွန်စွာရှင်သန်နေကြောင်း သိရသည်။

ပြန်လည်လွှတ်ပေးရာတွင်လည်း မည်သည့်အကောင်က ထွက်သွားသနည်း၊ မည်သည့်အကောင်က ခြံထဲမှာ ဆက်နေသနည်း၊ မည်သည့်ဒေသသို့ သွားရောက်သနည်း စသည်တို့ကို သိရျှိနိုင်ရန် စောင့်ကြည့်ကြောင်း ၊ လွှတ်ပေးပြီး၂ပတ် တစ်ခါ Radio Telemetry စက်ဖြင့် ယနေ့ ပထမဦးဆုံးအဖြစ် စောင့်ကြည့်ကြောင်း ၊ ထွက်သွားသည့်နေ့၊ အချိန်၊ အလေးချိန် ၊ ရာသီဥတုအနေအထား၊ GPS အမှတ်အသား၊ အသေးစိတ် အမူအကျင့်များ Data From နှင့် တကွ စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်း WCS ကဆိုသည်။

ယခုကဲ့သို့ ခြံလှောင်လွှတ်ပေးခြင်းမျိုးကို မင်းစုံတောင်တွင် ၃ကြီမ် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

YL

Photo- WCS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*